တရုတ် တီယန်ကျင်းမြို့တွင် ကိုဗစ်-၁၉ ကန့်သတ်ချက်ကြောင့် စီးပွားရေးလုပ်ငန်းအချို့ ရပ်နားထား

တရုတ် တီယန်ကျင်းမြို့တွင် ကိုဗစ်-၁၉ ကန့်သတ်ချက်ကြောင့် စီးပွားရေးလုပ်ငန်းအချို့ ရပ်နားထား

တရုတ်နိုင်ငံမြောက်ပိုင်းဆိပ်ကမ်းမြို့တော် တီယန်ကျင်းတွင် ကိုဗစ်-၁၉ ကူးစက်မှုအနည်းငယ်ရှိလာသည့်အတွက် ဖျော်ဖြေရေးနေရာများ၊ မူကြိုကျောင်းများနှင့် သင်ကြားရေးအေဂျင်စီများပိတ်ထားရပြီး အစုအလိုက် အပြုံလိုက် ကူးစက်မှုအစပြုနေခြင်းကိုတိုက်ဖျက်သည့် နောက်ဆုံးမြို့ဖြစ်လာသည်။

ဘိုးရင်းနှင့် ဗော့စ်ဝါဂန်စက်ရုံများရှိရာ လူဦးရေ ၁၂ သန်းကျော်ရှိသော တီယန်ကျင်းမြို့သည် တစ်ပတ်ကြာမျှ ရောဂါကူးစက်မှု ကင်းစင်ခဲ့ပြီးနောက် ဇူလိုင် ၁၈ ရက်က ပြည်တွင်းကူးစက်သူ ၁၁ ဦး တွေ့ရှိခဲ့သည်။

လူဦးရေ ၂ သန်းကျော်ခန့်နေထိုင်သော ဒေသ ၂ ခုရှိ စစ်တုရင်၊ ဖဲဝိုင်းများနှင့် ဘားများကဲ့သို့သော ဖျော်ဖြေရေး နေရာများကို နောက်ထပ်ညွှန်ကြားချက်မထုတ်ပြန်မချင်း ပိတ်ခိုင်းထားသည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က မြို့ကြီး ၃၁ မြို့တွင် လူပေါင်း ၂၄၇ ဒသမ ၅ သန်းခန့်သည် အပြည့် အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်းအားဖြင့် အသွားမလာပိတ်ဆို့မှုနှင့် တခြားသော ထိန်းချုပ်ရေးစည်းမျဉ်းများကို တွေ့ကြုံခဲ့ရာမှ ယခုအခါ မြို့ကြီး ၄၂ မြို့မှ ခန့်မှန်းလူပေါင်း ၂၆၄ ဒသမ ၁ သန်းခန့်ကို သက်ရောက်လျက် ရှိကြောင်း Nomura ကုမ္ပဏီမှ လေ့လာသုံးသပ်သူများက ပြောသည်။

တရုတ်နိုင်ငံ အချို့ဒေသများတွင် အသွားအလာပိတ်ဆို့မှုသက်တမ်း ထပ်မံတိုးထားစဉ် ရှန်ဟိုင်း၌ ကိုဗစ်-၁၉ စမ်းသပ်မှုကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။

ဂန်းစုပြည်နယ်မြို့တော် လန်ကျိုးတွင်လည်း လူဦးရေ ၁၀၀ ၀၀၀ ကျော်ရှိသည့် ခရိုင်တစ်ခုတွင် ဇူလိုင် ၁၈ ရက်မှစ၍ အသွားအလာပိတ်ဆို့ခဲ့ပြီး တစ်နေ့လျှင် တစ်အိမ်ထောင် တစ်ယောက်နှုန်းဖြင့်သာ ဈေးဝယ် ထွက်ခွင့်ရသည်။ လူဦးရေ ၃ သန်းကျော်ရှိ တခြား ခရိုင် ၄ ခုတွင် ပြီးခဲ့သည့်သီတင်းပတ်မှစတင်၍ အသွားအလာ ကန့်သတ်ထားပြီး ဇူလိုင် ၂၄ ရက်အထိ သက်တမ်းတိုးထားသည်။

ဇူလိုင် ၁၈ ရက်ထိစာရင်းအရ တရုတ်နိုင်ငံတွင် ပြည်တွင်းနှင့် ပြည်ပကူးစက်မှု ရောဂါလက္ခာပြသည့် အတည်ပြု လူနာ ၂၂၇ ၈၃၀ ဦး ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly