“သံတိုင်ကြားကရဲဘော်တို့ လူထုအားနဲ့ကယ်ထုတ်စို့” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း 

“သံတိုင်ကြားကရဲဘော်တို့ လူထုအားနဲ့ကယ်ထုတ်စို့” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း 

ဇူလိုင်လ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုနှင့် အကျဉ်းကျခံရဲဘော်များလွတ်မြောက်ရေး ဆုတောင်းမှုပြုလုပ်ခဲ့ကြသည်။

ယနေ့ ဇူလိုင် ၂၃ ရက် ပုသိမ် - မုံရွာလမ်းပေါ်တွင် ဒုတိယအကြိမ်မြောက် သပိတ်စစ်ကြောင်း ဖြိုခွင်းခံရခြင်း နှစ်ပတ်လည်အဖြစ် “သပိတ်ကို ဖြိုလို့ရပေမယ့် တော်လှန်စိတ်ကိုဖြိုလို့မရ” စာသားများကိုင်ဆောင်ခြင်း၊ အပြာရောင်အင်္ကျီများ ဝတ်ဆင်ခြင်း နှင့် အကျဉ်းကျခံရဲဘော်များ လွတ်မြောက်ရေး အတွက် ဆုတောင်း ခြင်းများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ 

ဆက်လက်၍ လူထုသပိတ်စစ်ကြောင်းသည် “သံတိုင်ကြားက ရဲဘော်တို့ လူထုအားနဲ့ ကယ်ထုတ်စို့” စာတမ်းကိုင်စွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော် သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။ 

ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက် ၂၀၂၁ နေ့မှ စတင် ဆန္ဒပြခဲ့ကြကာ ၄၉၉ ရက်မြောက်အဖြစ် ချီတက်ခဲ့ကြခြင်းဟုသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly