ယင်းမာပင်ခရိုင်တွင် NUG လမ်းညွှန်မှုဖြင့် မိုးရာသီအားကစားပြိုင်ပွဲပြုလုပ်

ယင်းမာပင်ခရိုင်တွင် NUG လမ်းညွှန်မှုဖြင့် မိုးရာသီအားကစားပြိုင်ပွဲပြုလုပ်

ဇူလိုင်လ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ရှိ ကျေးရွာတစ်ရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ကြားကာလပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲကို ဇူလိုင် ၂၂ ရက်နေ့၌ပြုလုပ်ခဲ့သည်။ 

အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ဘော်လီဘောပြိုင်ပွဲအပါအဝင် အားကစားနည်း ၁၃ မျိုးအား ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းဆိုသည်။

ယင်းစာသင်ကျောင်းတွင် ဆရာ၊ ဆရာမ ဦးရေ ၃၀ က မူလတန်းမှ အလယ်တန်းအဆင့်ထိ ကျောင်းသားကျောင်းသူ ဦးရေ၂၆၀ ခန့်အား ပညာသင်ကြားပေးလျက်ရှိသည်။ 

“ စစ်ကျွန်ပညာရေးကို လုံးဝအလိုမရှိဘူး။ အခုလိုအချိန်မျိုးမှာ ကလေးငယ်များ မလေလွင့်စေဖို့နဲ့ ပညာတတ်မြောက်ဖို့အတွက် အခုလိုစာသင်ကျောင်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

NUG အစိုးရလက်အောက်ခံ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ပညာသင်ပေးနေသည်မှာ ၁၀ လခန့်ရှိပြီဖြစ်ကာ ဆရာ၊ ဆရာမ ထပ်မံရရှိပါက အထက်တန်းအထိ တိုးချဲ့သင်ကြားသွားရန် အစီအစဉ်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly