"ကော်သူးလေတပ်မတော်" တည်ထောင်ခြင်းအပေါ် ကော်ဘရာစစ်​ကြောင်းမှူး ဗိုလ်ဒါ​ဘော၏ သဘောထား ထုတ်ပြန်ချက်

23 July 2022
"ကော်သူးလေတပ်မတော်" တည်ထောင်ခြင်းအပေါ် ကော်ဘရာစစ်​ကြောင်းမှူး ဗိုလ်ဒါ​ဘော၏ သဘောထား ထုတ်ပြန်ချက်

ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် ဇူလိုင်လ ၁၉ရက်နေ့ ရက်စွဲဖြင့် ကော်သူးလေတပ်မတော် (KAWTHOOLEI ARMY)ကို ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း ၎င်းကိုယ်တိုင်လက်မှတ်ထိုး ထုတ်ပြန်ထားသည်။

ထိုသို့ "ကော်သူးလေတပ်မတော်" တည်ထောင်ခဲ့မှုအပေါ်  ကော်ဘရာစစ်​ကြောင်းမှူး ဗိုလ်ဒါ​ဘော၏ သဘောထားကို ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တို့မှ ဇူလိုင်လ၂၀ရက်နေ့ ရက်စွဲဖြင့် စောနယ်ဒါးမြဦးဆောင်ဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော် (KAWTHOOLEI ARMY)ကို အသိအမှတ်မပြုကြောင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

#mizzima
#စောနယ်ဒါးမြ
#စစ်သုံ့ပန်းများ
#တော်လှန်ရေးအဖွဲ့အစည်း
#ထုတ်ပြန်ချက်
#ကော်သူးလေတပ်မတော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly