အစ္စရေးတပ်ဖွဲ့ကို တိုက်ခိုက်သည့် ပါလက်စတိုင်း ငါးဦး ပစ်သတ်ခံရ

အစ္စရေးတပ်ဖွဲ့ကို တိုက်ခိုက်သည့် ပါလက်စတိုင်း ငါးဦး ပစ်သတ်ခံရ

ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၁၅ ။             ။ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန် လုပ်သည့် လူငယ်သုံးဦးအပါအဝင် ပါလက်စတိုင်းငါးဦးကို ပစ်သတ်လိုက်ရကြောင်း အစ္စရေးတာဝန်ရှိ သူများက ပြောသည်။

အခြားပါလက်စတိုင်းမိန်းကလေးငယ်တစ်ဦးလည်း ယင်းသို့ တိုက်ခိုက်ရန်ပင်ကြိုးစား၍ တုံ့ပြန်ခဲ့ရရာတွင် ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ရဲဌာနက ပြောသည်။ အဆိုပါ ဖြစ်ရပ်များအတွင်း ဒဏ်ရာ ထိခိုက်မှုဖြစ်သည့် အစ္စရေးတစ်ဦးမျှမရှိကြောင်း သိရသည်။

ယခုဖြစ်ရပ်များသည် ပါလက်စတိုင်း သို့မဟုတ် အစ္စရေးအာရပ်များ၏ ဓားခုတ်တိုက်ခိုက်ခြင်း၊ သေနတ်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ကားဖြင့် ဝင်တိုက်တိုက်ခိုက်ခြင်းများ ကျုးလွန်နေကြခြင်း၏ နောက်ဆုံး တိုက်ခိုက်မှုလည်းဖြစ်သည်။

၂၀၁၅ အောက်တိုဘာမှစကာ တိုက်ခိုက်ရေးသမား အများစုအပါအဝင် ပါလက်စတိုင်း ၁၆၀ နှင့်် အစ္စရေးတို့ဖက် ၂၆ ဦး သေဆုံးခဲ့ရကြောင်း အစ္စရေးဖက်ကပြောသည်။ အစ္စရေးစစ်သားများနှင့် ထိပ်တိုက်တွေ့ခြင်းနှင့် ဆန္ဒပြမှုများအတွင်းလည်း ပါလက်စတိုင်းများ သေဆုံးကြရသည်။

ဖေဖော်ဝါရီ ၁၄ ရက်က ဖြစ်ပွားသည့် ပထမတိုက်ခိုက်မှုတွင် ကားတစ်စီးအတွင်းမှ ပါလက်စတိုင်းလူငယ်နှစ်ဦးက အစ္စရေးတပ်ဖွဲ့များကို ခဲဖြင့် ထုသွားခြင်းဖြစ်သည်။ လှည့်ကင်းများရောက်လာသည့်အခါ ပါလက်စတိုင်းတို့ဖက်က ရိုင်ဖယ်သေနတ်တစ်လက်ရှိထားပြီး ပစ်ခတ်ရာမှ အစ္စရေးစစ်သားများက ပြန်လည်ပစ်ခတ်လိုက်ရခြင်းဖြစ်သည်။

နောက်ထပ်ဖြစ်ရပ်မှာ အသက် ၁၇ နှစ်အရွယ် ပါလက်စတိုင်းမိန်းကလေးက ရဲတစ်ဦးကို ဓားလိုက်ထိုးခြင်းကြောင့် ၎င်းအား ပစ်ခတ်လိုက်ရခြင်းဖြစ်ကာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံတွင် တင်ပို့ကုသထား ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly