ပုလောမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ၂ ခု ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၅ ဦးထိခိုက်ဟုဆို

22 July 2022
ပုလောမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ၂ ခု ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၅ ဦးထိခိုက်ဟုဆို

ဇူလိုင် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပ၀ကုန်းကျေးရွာ၊ ပ၀ကုန်းလမ်းပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့ ညပိုင်းကထုတ်ပြန်ထားသည်။

ပ၀ကုန်းလမ်းပေါ်ရှိ ဂိတ်နေရာနှစ်ခုကို ဇူလိုင်လ ၂၀ ရက်နေ ညနေ ၃ နာရီအချိန်တွင် PDF ပူးပေါင်းတပ်မှ ဗုံးသီးနှစ်လုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်သားငါးဦးထိခိုက်ခဲ့ကြောင်း ဆိုသည်။ တိုက်ခိုက် မှုအပြီးတွင် စစ်ကောင်စီတပ်မှ အရေးပေါ်ကားသုံးစီးဖြင့် ထိခိုက်သူများကို လာရောက်သယ်ဆောင်သွား ကြောင်းနှင့် ထိခိုက်သေဆုံးမှုစာရင်းအတိအကျကို အတည်မပြုနိုင်သေးကြောင်းလည်း ထုတ်ပြန်ချက် တွင်ရေးသားထားသည်။

ယခုတိုက်ခိုက်မှုကို မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော) KPDF နှင့် လောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)တို့ ပူးပေါင်း၍တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကာ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

#Mizzima

#တနင်္သာရီတိုင်း

#ပုလောမြို့

#စစ်ဆေးရေးဂိတ်

#ဗုံးသီး

#ဒရုန်ဖြင့်တိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly