အာဖဂန်နစ္စတန်နှင့် ဝန်းကျင်ဒေသရှိ လုံခြုံရေးနှင့် အနာဂတ်အလားအလာအရေး အီးယူ ဆွေးနွေး

By The Khaama Press
21 July 2022
အာဖဂန်နစ္စတန်နှင့် ဝန်းကျင်ဒေသရှိ လုံခြုံရေးနှင့် အနာဂတ်အလားအလာအရေး အီးယူ ဆွေးနွေး

“အာဖဂန်နစ္စတန်၏ အခြေအနေနှင့် တောင်အာရှဒေသနှင့် အနောက်အုပ်စုအတွက် အနာဂတ် အလား အလာများ” နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲတစ်ခုကို တောင်အာရှ လေ့လာမှုဆိုင်ရာ ဥရောပ ဖောင်ဒေးရှင်း (EFSAS) က ဇူလိုင် ၁၃ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့ရှိ ဥရောပပါလီမန်၌ ကျင်းပခဲ့ရာတွင် အာဖဂန်နစ္စတန်ရှိ အခြေအနေအပေါ် ပြည့်စုံကျယ်ပြန့်၊ ကြောင်းကျိုးညီညွတ်သော ဥရောပဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတစ်ခုက အရေးကြီးကြောင်းကိုလည်း အသိအမှတ်ပြုခဲ့သည်။

ညှိနှိုင်းဆွေးနွေးပွဲ၌ အာဖဂန်နစ္စတန်ဆိုင်ရာ အီးယူသံအမတ် အန်ဒရီစ် ဗွန် ဘရန့်တ်က အာဖဂန်နစ္စတန်ရှိ အခြေ အနေနှင့် အနောက်အုပ်စုနှင့် တောင်အာရှ ဒေသအတွက် ပေါ်ပေါက်လာနိုင်သည့် အနာဂတ်အလားအလာ လမ်းကြောင်းများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောဆိုခဲ့သလို ပါကစ္စတန်သည် လုံလောက်စွာ အာရုံစိုက် ခံထားရခြင်း မရှိခဲ့ဟု ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
 
အာဖဂန်နစ္စတန်ဆိုင်ရာ အီးယူသံအမတ် အန်ဒရီစ် ဗွန် ဘရန့်တ်၊ ဥရောပ ပါလီမန်အမတ် (MEP) တစ်ဦး ဖြစ်သလို အာဖဂန်နှင့် ဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ ပီထရာစ် အော်စထရီဗစ်စီးယပ်၊ အာဖဂန်ပညာရှင်များ၊ ဆွေးနွေးပွဲ အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည့် အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် အာဖဂန်နစ္စတန်နှင့်ပတ်သက်ပြီး ပါကစ္စတန်၏ အပြစ်မကင်းမှုကိုလည်း အတိအကျ ဖော်ထုတ်ခဲ့ကြသည်။

အကြမ်းဖက်ဝါဒကို လက်ခံနေရာပေးခြင်း၊ စပွန်ဆာပေးခြင်းနှင့် ဒေသနှင့် ကမ္ဘာသို့ တင်ပို့ခြင်းအတွက် ထိုဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများက ပါကစ္စတန်ကို ပြစ်တင်ပြောဆိုခဲ့ကြပြီး ပါကစ္စတန်အပေါ် ကြီးလေး သည့် အရေးယူမှုများ လုပ်ဆောင်ရေး အီးယူကို တိုက်တွန်းတောင်းဆိုခဲ့သည်။

ပါကစ္စတန်သည် တာလီဘန်အပေါ် ထောက်ခံအားပေးမှုကို မည်သည့်အခါကမှ ရပ်စဲထားခဲ့ခြင်း မရှိကြောင်း ဂုဏ်သိက္ခာကြီးသော အမျိုးသမီး အခွင့်အရေး ခုခံကာကွယ်သူ ဆုရရှိထားသည့် ဟိုရီယာ မိုဆာဒစ်က ပြောခဲ့သည်။ အလားတူ ပါကစ္စတန်သည် “ကောင်းသော” တာလီဘန်၊ “မကောင်းသော” တာလီဘန်ဆိုပြီး ခွဲခြားကာ အသုံးချကစားနေခဲ့ကြောင်း ဂျာနယ်လစ်တစ်ဦး ဖြစ်သော ဘက်ရှီယာ အာမက်ဒ် ဂွက်ခ်က စွပ်စွဲပြောကြားသည်။

ပါကစ္စတန်သည် အာဖဂန်နစ္စတန်၌ နေတိုးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည့် တာလီဘန်တို့ကို “ကောင်းသော” တာလီဘန်များအဖြစ်နှင့် ပါကစ္စတန်ကို တိုက်ခိုက်သူများကို “မကောင်းသည့်” တာလီဘန်အဖြစ် ခွဲခြားသတ်မှတ်ခြင်းကို အမြဲတစေ လုပ်ဆောင်ထားခဲ့ကြောင်း ၎င်းက ရှင်းလင်းပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly