သဘာဝဘေးအန္တရာယ်ကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးဆုံးရှုံးမှုတန်ဖိုး ယွမ်ငွေ ၈၈ ဘီလီယံကျော်ရှိ

သဘာဝဘေးအန္တရာယ်ကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးဆုံးရှုံးမှုတန်ဖိုး ယွမ်ငွေ ၈၈ ဘီလီယံကျော်ရှိ

သဘာဝဘေးအန္တရာယ်ကြောင့် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ တိုက်ရိုက်စီးပွားရေးဆုံးရှုံးမှုသည် ယွမ် ၈၈ ဒသမ ၈၁ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၃ ဘီလီယံ) ရှိကြောင်း အရေးပေါ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

တရုတ်နိုင်ငံတွင် ဇန်နဝါရီလမှ ဇွန်လအထိ အဓိက သဘာဝဘေးအန္တရာယ်များအဖြစ် ရေကြီးမှုနှင့် မိုးသီး မုန်တိုင်းများကို တွေ့ရှိရသလို ခြောက်သွေ့ခြင်း၊ အေးခဲသောရာသီဥတု၊ မြေငလျင်၊ ဆီးနှင်းဘေးအန္တရာယ်များနှင့် သစ်တောနှင့် စားကျက်မြေမီးလောင်မှုများမှာလည်း

အတိုင်းအတာအမျိုးမျိုးအထိ ဖြစ်ပွားခဲ့ကြောင်း ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရှန်းကျန်းလီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ကာလအတွင်း၌ လူပေါင်း ၃၉ ဒသမ ၁၄ သန်းနီးပါးသည် သဘာဝဘေးအန္တရာယ်ဒဏ်ကို ထိခိုက်ခံစားခဲ့ရကာ ၁၇၈ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးခြင်း ဖြစ်ခဲ့ပြီး နေထိုင်သူ ၁ ဒသမ ၂၈ သန်းကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

အိမ်ခြေပေါင်း ၁၈ ၀၀၀ ထက်မနည်းပြိုကျခဲ့ပြီး သီးနှံဧက ၃ ဒသမ ၆၂ ပျက်စီးခဲ့သည်ဟု ရှန်းက ပြောသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ဇူလိုင် ၁၇ ရက်က မိုးသန်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် လူ ၆ ဦးသေဆုံးကာ ၁၂ ဦး ပျောက်ဆုံးခဲ့သည်။ 

ဘိုင်ရှီမြို့မှ လူ ၄၈၀ ဦးအပါအဝင် လူပေါင်း ၁ ၃၀၀ ထက်မနည်းကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရသည်။

ဇူလိုင် ၄ ရက်ကလည်း ဟဲပေပြည်နယ် မြောက်ပိုင်းတွင် အမြင့်ပေ ၁၂ မီတာရှိ အဆောက်အအုံပြိုကျမှုကြောင့် လူ ၈ ဦး သေဆုံးခဲ့သည်။

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ်တွင် ရေကြီးမှုကြောင့် တိုက်ရိုက်စီးပွားရေးဆုံးရှုံးမှုတန်ဖိုး ယွမ် သန်း ၄၇၀ (အမေရိကန်ဒေါ်လာ ၇၀ ဒသမ ၄ သန်းခန့်) အထိ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly