ကိုဗစ်ကြွေးမြီဝန်ထုပ်ဝန်ပိုးများကြောင့် တရုတ်မြို့တစ်မြို့တွင် ကျန်းမာရေးစနစ် ပြိုလဲလုနီးပါးဖြစ်နေ

ကိုဗစ်ကြွေးမြီဝန်ထုပ်ဝန်ပိုးများကြောင့် တရုတ်မြို့တစ်မြို့တွင် ကျန်းမာရေးစနစ် ပြိုလဲလုနီးပါးဖြစ်နေ

တရုတ်နိုင်ငံ၊ ဟူလူဒေါင်မြို့၏ ကျန်းမာရေးစနစ်များတွင် ကိုဗစ်-၁၉ အစီအမံများကြောင့် ခြေကုန်လက်ပန်းကျ သည့် လက္ခဏာများဖော်ပြနေပြီး မြို့၏ ကြွေးမြီများမှာ ပြန်ဆပ်နိုင်သည်ထက် ပိုမို များပြားနေသည်။

တရုတ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်များသည် ပြည်နယ်အစိုးရ၏ ဝင်ငွေနည်းပါးမှုနှင့် ကာကွယ်ရေးပစ္စည်း များ၏ ကုန်ကျစရိတ်ကြီးမားမှုဒဏ်ကို ခံနေရသည်။

ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ငွေကြေး အမြောက်အများ သုံးစွဲထား ပြီးဖြစ်သည့်အတွက် မြို့တော်၏ ဝင်ငွေကို အကြီးအကျယ် ထိခိုက်ခဲ့သည်။

လောင်နင်းပြည်နယ် ဟူလူဒေါင်မြို့၏ ကျန်းမာရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ အကြွေးများသည် အဓိက အားဖြင့်ကူးစက်ရောဂါနှင့် တရုတ်၏ပြင်းထန်သော ကိုဗစ်ကပ်ရောဂါကြောင့်ဖြစ်ကြောင်း The Star သတင်းတွင် ဖော်ပြထားသည်။

အထူးသဖြင့် ၂၀၂၂ ခုနှစ်တွင် ယင်းမြို့၌ ကိုဗစ်-၁၉ ဖြစ်ပွားမှုသည် အစိုးရဆေးရုံများ၏ ပုံမှန်လုပ်ငန်းဆောင် တာများအပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့ပြီး ကြွေးမြီအဆင့်များ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ကော်မရှင်က ပြောကြားခဲ့သည်။

အာရုံကြောခွဲစိတ်ဆရာဝန်နှင့် ဟူလူဒေါင်မြို့ အတိုင်ပင်ခံကွန်ဖရင့်အဖွဲ့ဝင် ယိတုန်ဂျန်က တင်သွင်းသည့် ကူးစက်ရောဂါနောက်ပိုင်း ဆေးရုံရန်ပုံငွေများ တိုးတက်ကောင်းမွန်လာစေရေး အဆိုပြုပြီးနောက် ကော်မရှင်မှ ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ဟူလူဒေါင်မြို့၏ဘဏ္ဍာရေးအခြေအနေမှာလည်း ကျဆင်းနေသဖြင့် ရန်ပုံငွေတိုးရန် အခြေအနေမရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသောအခါ အခြေအနေမှာ ဆိုးရွားနေပုံရသည်။

အစိုးရ၏ အားနည်းချက်များကို မီးမောင်းထိုးပြကာ ဟူလူဒေါင်မြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ကိုင်တွယ် ဖြေရှင်းရာတွင် အစိုးရက ပမာဏများစွာ သုံးစွဲခဲ့ရသည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါအသုံးစရိတ်တွင် ကုသရေးအဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် ကိုရိုနာဗိုင်းရပ်စစ်ဆေးမှု လုပ် ဆောင်ခြင်းများပါဝင်သည်။

ဟူလူဒေါင်မြို့တွင် စုစုပေါင်း လူဦးရေ ၂ ဒသမ ၄ သန်း နေထိုင်ပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၀ဝ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required