မတူပီမြို့နယ်မှ စစ်ဘေးရှောင်များနှင့် မိုင်းထိသူများကို သွားရောက်ကူညီလှူဒါန်းခဲ့သည့် Global Matu Organization မှ တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက်

မတူပီမြို့နယ်မှ စစ်ဘေးရှောင်များနှင့် မိုင်းထိသူများကို သွားရောက်ကူညီလှူဒါန်းခဲ့သည့် Global Matu Organization မှ တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက်

ဇူလိုင်လ ၂၀ ရက်

လက်ရှိအချိန်တွင် ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် မြန်မာ နှင့် အိန္ဒိယနိုင်ငံနယ်စပ် မီဇိုရမ်ပြည်နယ်တွင် ချင်းတိုင်းရင်းသားများစွာ စစ်ဘေးတိမ်းရှောင်နေကြရသည်။

Chinland Defense Force (Matupi)၊ ချင်းပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများ၊ မိုင်းထိထားသော ရဲဘော်များနှင့် ပြည်သူများအတွက် Global Matu Organization (India) မှ ဇူလိုင်လ ၁ ရက်နေ့က သွား ရောက် ကူညီလှူဒါန်းခဲ့သည်။

“ မြန်မာငွေနဲ့ သိန်း ၃၀၀ ကျော်လှူဒါန်းခဲ့ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေအတွက်နဲ့CDF Matupi အတွက်ပါ။ မိုင်းထိမိသွားတဲ့ CDF ရဲဘော်က ၁၂ ယောက်ရှိတယ်။ အမျိုးသမီး တစ်ယောက်ပါတယ်။ အလှူရှင်တွေက သူတို့ဆေးဝါးကုသဖို့ရယ် နေရာထိုင်ခင်းအတွက် လှူဒါန်းပေးထားတဲ့ငွေတွေကို GMO က ကိုယ်တိုင်သွားရောက်ကူညီလှူဒါန်းပေးခဲ့ပါတယ်။ ကျွန်တော်တို့ GMO အဖွဲ့အနေနဲ့ ရှေ့လျှောက် လုပ် မယ့်အစီအစဉ်တွေကတော့ အဖမ်းခံထားရတဲ့ CDF မတူပီရဲဘော်တွေ၊ CDM ဝန်ထမ်းတွေ သူတို့ဘယ်မှာ ထောင်ချခံရတယ်ဆိုတာကို ပြည်သူတွေသိပြီး ဝိုင်းဝန်းကူညီနိုင်ဖို့ကျွန်တော်တို့ Speak Out လုပ်ပေးသွား ဖို့ ရှိပါတယ်” ဟု Global Matu Organization မှ တာဝန်ရှိသူ Batu Zung Tung က ပြောသည်။

နယ်စပ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ရောက်ရှိခိုလှုံနေကြရသည့် ပြည်သူများကို ကူညီမှုများဆောင်ရွက် ပေးနေမှုနှင့် ပတ်သက်ပြီး Global Matu Organization မှ တာဝန်ရှိသူတစ်ဦးကို မဇ္ဈိမက ဆက်သွယ်မေး မြန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly