မစ်ဒယ်ဘရော့နောက်ခံလူ ဒီဂျဒ်စပန့်စ်ကို တော့တင်ဟမ် ခေါ်ယူစာချုပ်

မစ်ဒယ်ဘရော့နောက်ခံလူ ဒီဂျဒ်စပန့်စ်ကို တော့တင်ဟမ် ခေါ်ယူစာချုပ်
Photo: Tottenham

တော့တင်ဟမ်ဟော့စပါးအသင်းသည် မစ်ဒယ်ဘရော့နောက်ခံလူ ဒီဂျဒ်စပန့်စ်ကို ပေါင်သန်း ၂၀ အထိ တန်ကြေးရှိသည့် စာချုပ်ဖြင့် ခေါ်ယူလိုက်သည်။

အင်္ဂလန် ယူ-၂၁ ညာနောက်ခံလူသည် ပြီးခဲ့သည့်ရာသီက နော်တင်ဟမ်ဖောရက်စ်တွင် အငှားသွားရောက်ကစားခဲ့ပြီး ၂၃ နှစ်ကြာ ဝေးကွာနေသည့် ပရီးမီးယားလိဂ်သို့ တန်းတက်အောင် ကူညီပေးခဲ့သည်။

အသက် ၂၁ နှစ်အရွယ် စပန့်စ်သည် ကနဦးကြေးပေါင် ၁၂.၅ သန်းနှင့် add-ons ကြေး ပေါင် ၇.၅ သန်းပါဝင်သည့် ငါးနှစ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

၎င်းသည် နွေရာသီတွင် စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီ၏ ခြောက်ဦးမြောက်ခေါ်ယူမှုဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ဖူလ်ဟမ်၏ အကယ်ဒမီမှ မစ်ဒယ်ဘရော့သို့ ရောက်ရှိလာသည့် စပန့်စ်သည် ဖောရက်စ်အတွက် ပြိုင်ပွဲအရပ်ရပ် ၄၆ ပွဲတွင် ၃ ဂိုး သွင်းယူခဲ့သည်။

၎င်းသည် ရာသီ၏ EFL ချန်ပီယံရှစ်အသင်း၏ တစ်နှစ်တာအကောင်းဆုံး PFA ချန်ပီယံရှစ်အသင်းတို့တွင် ရွေးချယ်ခံခဲ့ရပြီး တစ်လတာအကောင်းဆုံးကစားသမားဆုနှင့် မတ်လအတွက် တစ်လတာအကောင်းဆုံးဂိုးအပါအဝင် တစ်ဦးချင်းဂုဏ်တံဆိပ်ဆုများ ရရှိခဲ့သည်။

စပါးအသင်းသည် ဂိုးသမား ဖရေဆာ ဖော်စတာ၊ နောက်ခံလူ လန်လက်၊ ကွင်းလယ်လူ ဘစ်ဆိုမာနှင့် ပြီးခဲ့တဲ့ရာသီကုန်ကတည်းက တိုက်စစ်မှူးများဖြစ်သည့် အီဗန် ပါရာဆစ်နှင့် ရစ်ချာလီဆန်ကို ခေါ်ယူခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly