အမေရိကန်၏ စစ်ရေးအကူအညီက ထိုင်ဝမ်ကို လွှမ်းမိုးရန်ကြိုးပမ်းနေသော တရုတ်ကို အမျက်ဒေါသထွက်စေ

အမေရိကန်၏ စစ်ရေးအကူအညီက ထိုင်ဝမ်ကို လွှမ်းမိုးရန်ကြိုးပမ်းနေသော တရုတ်ကို အမျက်ဒေါသထွက်စေ

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တွင် အလွန်အကျွံစစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်ပြီး ထိုင်ဝမ်ကို စိုးမိုးရန် ကြိုးပမ်းလာချိန်၌ အမေရိကန်နိုင်ငံခြားရေးဌာနက ထိုင်ဝမ်အတွက် အမေရိကန်ဒေါ်လာ ၁၀၈ သန်းခန့်တန်ဖိုးရှိ စစ်ရေးနည်းပညာအကူအညီပေးရန် ဇူလိုင် ၁၅ ရက်က အတည်ပြုလိုက်သည်။

နှစ်နိုင်ငံအကြား အဆင့်မြင့်ဆွေးနွေးပွဲကို ဇူလိုင် ၉ ရက်က ၅ နာရီကြာပြုလုပ်ခဲ့ပြီး သီတင်းတစ်ပတ်အကြာ၌ အမေရိကန်က တောင်တရုတ်ပင်လယ်၌ တရုတ်၏ နန်ရှားနှင့် ရှီရှားကျွန်းများအနီးသို့ စစ်သင်္ဘောတစ်စီး စေလွှတ်ခဲ့သလို ထိုင်ဝမ်ကျွမ်းသို့ လက်နက်ရောင်းချမှ သဘောတူညီချက်အသစ်ကိုလည်း အပြီးသတ်နိုင်ခဲ့သည်။

တရုတ်က မဟာဗျူဟာအရ အရေးပါသည့် ဒေသတွင် ပြိုင်ဆိုင်မှုပြင်းထန်သော ပထဝီဝင်နိုင်ငံရေးအရ ယှဉ်ပြိုင်မှုကို အနိုင်ရရန် အဆက်မပြတ် ကြိုးပမ်းနေချိန်တွင် အမေရိကန်ဖျက်သင်္ဘော USS Benfold သည် ဇူလိုင် ၁၆ ရက်က နန်ရှားကျွန်းစုအနီး တောင်တရုတ်ပင်လယ်တွင် ခုတ်မောင်းခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်ရှိ ကျယ်ပြန့်သော ဧရိယာတွင် ဇူလိုင် ၁၀ ရက်မှ ၁၃ ရက်အထိ စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေကြောင်း ရေကြောင်းလုံခြုံရေးစီမံခန့်ခွဲရေးဌာန၏ ဇူလိုင် ၁၅ ရက်က ထုတ်ပြန်သော ရေကြောင်းဆိုင်ရာသတိပေးချက်တွင် ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သည့်အပြင် ထိုင်ဝမ်ကို ဖိအားပေးသည့်အနေဖြင့် ၂၀၂၀ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ ထိုင်ဝမ်၏လေကြောင်းကာကွယ်ရေး ဇုန်အတွင်းသို့ တရုတ်လေယာဉ်များ နေ့စဉ်နီးပါး ကျူးကျော်ဝင်ရောက်ခဲ့သည်။

တရုတ်သည် ဇန်နဝါရီလကလည်း J-16s တိုက်လေယာဉ်များနှင့် H-6 ဗုံးကြံလေယာဉ်တစ်စီးအပါအဝင် စစ်လေယာဉ် ၃၅ စီးသည် တခြားလေယာဉ်များနှင့်အတူ ထိုင်ဝမ်၏လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်အတွင်း သို့ ဝင်ရောက်ခဲ့သည်။

ထိုင်ဝမ်အရေးသည် မကြာသေးမီလများအတွင်း အမေရိကန်နှင့်တရုတ်ဆက်ဆံရေး၏ ရှေ့တန်းမျက်နှာစာ ဖြစ်လာသည်။ စင်္ကာပူတွင်ကျင်းပသည့် ရှန်ဂရီလာဆွေးနွေးပွဲ ကာကွယ်ရေးဆိုင်ရာညီလာခံတွင် နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးများ ယခုလအစောပိုင်းက တွေ့ဆုံချိန်၌ ထိုင်ဝမ်၏ ကိုယ်ပိုင်ကာကွယ်ရေးကို ကူညီပေးရန် ကတိပြုထားသောအမေရိကန်နှင့် တရုတ်အကြား တင်းမာမှုများသည် သိသာထင်ရှားလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required