မြန်မာနိုင်ငံအတွင်းမှ ဒီမိုကရေစီလိုလားသောဆန္ဒပြသူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို တရုတ်က မသိကျိုးကျွံပြုနေ

မြန်မာနိုင်ငံအတွင်းမှ ဒီမိုကရေစီလိုလားသောဆန္ဒပြသူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို တရုတ်က မသိကျိုးကျွံပြုနေ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေး၌ တွေ့ဆုံရာတွင် တရုတ်က မြန်မာနိုင်ငံအတွင်းမှ ဒီမိုကရေစီ လိုလားသောဆန္ဒပြသူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို မသိကျိုးကျွံပြုနေခဲ့သည်။

တရုတ်သည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဖျက်သမားအဖြစ်ပါဝင်နေပြီး ဒီမိုကရေစီဟူသော အသုံးအနှုန်းကို စိတ်ဝင်းစားခြင်း သို့မဟုတ် နှစ်သက်ခြင်း မရှိကြောင်း မူဝါဒသုတေသနအဖွဲ့ Poreg ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်း ရှေးဟောင်းပုဂံမြို့တွင် စစ်ကောင်စီက လက်ခံကျင်းပသည့် ၇ ကြိမ်မြောက် လန်ချန်း-မဲခေါင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမတိုင်ခင်က တရုတ်သည် အာဆီယံက ချမှတ်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရိုးသားစွာ အကောင်အထည်ဖော်ခြင်းဖြင့် မြန်မာနိုင်ငံ ကို မူလလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးလိမ့်မည်ဟု မျှော်လင့်ချက်များစွာထားခဲ့ကြ သည်။

သို့သော် တရုတ်သည် ၎င်း၏ မဟာဗျူဟာမြောက်အကျိုးစီးပွားများကို အလေးထားကာ ခါးပတ်လမ်းရပ်ဝန်း စီမံကိန်း (BRI) ကို အကောင်အထည်ဖော်နေပြီး မြန်မာ၏ ဒီမိုကရေစီလမ်းစဉ်နှင့် ငြိမ်းချမ်းရေးတွင် အနှောင့်အယှက်တစ်ခုဖြစ်သည်။

တရုတ်သည် ဒေသတွင်းနှင့် နိုင်ငံတကာ၏သဘောထားများအပေါ် ထောက်ထားညှာတာခြင်းမရှိဘဲ စစ်အုပ်စုကိုယ်စား အာဆီယံနိုင်ငံများနှင့် ရင်ဆိုင်ရန် အသင့်ဖြစ်နေသည်။

အရိုးရှင်းဆုံး ဆိုရပါက တရုတ်သည် ၎င်း၏အစီအစဉ်များ ရှေ့ဆက်နိုင်ရန် မြန်မာက တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် လက်ရှိ အကျပ်အတည်းများကို အခွင့်ကောင်းယူနေသည်ဟု Poreg ကဖော်ပြသည်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ လုပ်ငန်း ချောမွေ့ စေရန်နှင့် နယ်စပ်ဖြတ်ကျော် မဟာဓာတ်အားလိုင်း သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြသည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ရေးအတွက် သင့်လျော်သောအချိန်၌ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း ဆွေးနွေးဖြေရှင်းခဲ့ကြသည်။

ဤသို့ ဆွေးနွေးမှုများသည် ကမ္ဘာ့လေ့လာစောင့်ကြည့်သူများအပြင် အခြားသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ၏ မျှော်လင့်ချက်များကို ဖောက်ဖျက်ရာရောက်သည်ဟု Poreg က ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဇွန်လအထိ ဆန္ဒပြသူပေါင်း ၂ ၀၀၀ ကျော်သေဆုံးခဲ့ပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူ ၁၁ ၀၀၀ ခန့်မှာ အကျဉ်းထောင်များတွင် ဆင်းရဲဒုက္ခခံနေကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required