မော်ရင်ဟိုရဲ့ ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့ ဒိုင်ဘာလာ ပြင်ဆင်

မော်ရင်ဟိုရဲ့ ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့ ဒိုင်ဘာလာ ပြင်ဆင်

ပေါ်လိုဒိုင်ဘာလာဟာ ဂျူဗင်တပ်စ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့  မော်ရင်ဟိုရဲ့ ရိုးမားကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ အီတလီက လာတဲ့ သတင်းတွေအရ တနင်္လာနေ့က သိရပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိ ဂျူဗင်တပ်တိုက်စစ်မှူးဟာ ယခုနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လာမယ့် ရာသီ ချန်ပီယံလိဂ်ာ အာမခံချက်ရှိတဲ့ စီးရီးအေဒုတိယနေရာက အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

အဲဒီအစား အာဂျင်တီးနားကစားသမားဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ အဆင့် (၆) နဲ့ ပြီးဆုံးခဲ့တဲ့ ယူရိုပါကွန်ဖရက်လိဂ်ချန်ပီယံ ရိုးမားအသင်းနဲ့ ပူးပေါင်းသွားမှာ ဖြစ်တယ်လို့ Gazzetta Dello Sport နဲ့ Sky Sport Italia တို့က ဖော်ပြခဲ့ပါတယ်။

ဒိုင်ဘာလာဟာ ရိုးမားရဲ့ အားကစားဒါရိုက်တာ တီယာဂိုပင်တိုနဲ့ ပေါ်တူဂီမှာ ဓာတ်ပုံတွဲရိုက်ခဲ့ပြီး ဆေးစစ်မှုခံယူကာ ဘောနပ်စ်ကြေးများအပါအဝင် တစ်ရာသီလျှင် ယူရိုခြောက်သန်း (ဒေါ်လာ ၆.၀၈ သန်း) တန်ကြေးရှိ သုံးနှစ်စာချုပ်ကို လက်မှတ်ရေးထိုးမှာလို့ Sky က ဖော်ပြခဲ့ပါတယ်။

ဒိုင်ဘာလာဟာ တူရင်မှာ ခုနစ်နှစ်ကြာ ဆုဖလားများရယူထားပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပါတယ်။

သူဟာ ၂၀၁၅ က ပါလာမိုကနေ ဂျူဗင်တပ်ကို ရောက်ရှိလာခဲ့ပြီး စီးရီးအေ ချန်ပီယံ ၅ ကြိမ်နဲ့ အီတလီဖလား လေးကြိမ် ရရှိခဲ့ပါတယ်။

သူဟာ ၂၀၁၇ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရီးယဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ အသင်းမှာလည်း ပါဝင်ကစားခဲ့ပါတယ်။

© AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly