တရုတ်နုတ်ထွက်ပြီးနောက် အာရှဖလားကို အိမ်ရှင်ဖြစ်ဖို့ ယှဉ်ပြိုင်ကြမယ့် ၄ နိုင်ငံ

တရုတ်နုတ်ထွက်ပြီးနောက် အာရှဖလားကို အိမ်ရှင်ဖြစ်ဖို့ ယှဉ်ပြိုင်ကြမယ့် ၄ နိုင်ငံ
Photo: AFP

ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်နိုင်ငံမှ နုတ်ထွက်ခဲ့ပြီးနောက် သြစတြေးလျ၊ တောင်ကိုရီးယား၊ ကာတာနှင့် အင်ဒိုနီးရှားတို့ဟာ ၂၀၂၃ အာရှဖလားပြိုင်ပွဲကို ကျင်းပဖို့ ကမ်းလှမ်းထားတာနဲ့အတူ အိမ်ရှင်နိုင်ငံကို အောက်တိုဘာလမှာ ကြေညာဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောပါတယ်။

အားကစားပွဲတွေကို အဓိက စိန်ခေါ်မှုဖြစ်စေမယ့် ဗျူဟာဖြစ်တဲ့ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို လိုက်နာတာကြောင့် တရုတ်ဟာ ၂၄ သင်းယှဉ်ပြိုင်မယ့် ပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကနေ မေလက နုတ်ထွက်ခဲ့တာပါ။

အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ပြိုင်ပွဲလက်ခံကျင်းပမယ့် ကမ်းလှမ်းထားတဲ့နိုင်ငံတွေကို သောကြာနေ့မှာ တင်သွင်းခွင့်ပိတ်သိမ်းပြီးနောက် ပြိုင်ပွဲကို လက်ခံကျင်းပမယ့် ပြိုင်ဖက်သစ်တွေကို ဖော်ပြခဲ့ပါတယ်။

သြစတြေးလျဟာ ဒီပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှာ ကျင်းပပြီးနောက် ဒုတိယအကြိမ်အဖြစ် လက်ခံကျင်းပဖို့ ရည်မှန်းထားပါတယ်။

တောင်ကိုးရီးယားဟာ ၁၉၆၀ ပြည့်နှစ်မတိုင်ခင်က အာရှဖလားကိုလည်း တစ်ကြိမ်ကျင်းပခဲ့ဖူးပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်တဲ့ ကာတာနိုင်ငံဟာ ၁၉၈၈ နဲ့ ၂၀၁၁ ခုနှစ်တွေမှာ အာရှဖလား နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို အင်ဒိုနီးရှားမှာတော့ တစ်ခါမှ မကျင်းပဖူးပါဘူး။

AFC လက်ခံကျင်းပမယ့် အိမ်ရှင်သစ်ကို အောက်တိုဘာ ၁၇ ရက်မှာ ကြေညာမှာပါ။

အာရှဖလားကို လေးနှစ်တစ်ကြိမ်ကျင်းပပါတယ်။ ကာတာဟာ ၂၀၁၉ မှာ ပြိုင်ပွဲရဲ့ နောက်ဆုံးချန်ပီယံဖြစ်ပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly