အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်က မူးယစ်ဆေးဝါး-အကြမ်းဖက်ဝါဒအတွက် အန္တရာယ်ရှိသော ပလက်ဖောင်းများအဖြစ် ပေါ်ထွက်လာ

By The Print
17 July 2022
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်က မူးယစ်ဆေးဝါး-အကြမ်းဖက်ဝါဒအတွက် အန္တရာယ်ရှိသော ပလက်ဖောင်းများအဖြစ် ပေါ်ထွက်လာ

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့သည် လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးသူများ၊ သောင်းကျန်းသူ အုပ်စုအဖွဲ့များ၊ အစ္စလမ္မစ်အဖွဲ့များနှင့် အကွက်ကျကျလုပ်ဆောင်သော ပြစ်မှုကျူးလွန်သည့် အဖွဲ့များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် မနှစ်မြို့ဖွယ် ပူးတွဲ ဒေသများအဖြစ် ပေါ်ထွက်ထားခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

Asialyst ၏ ဆောင်းပါးတစ်ပုဒ်တွင် ဟက်ကာနီ ကွန်ရက်နှင့် ပါကစ္စတန် ထောက်လှမ်းရေးအကြား နီးကပ်စွာ ပတ်သက်မှုအကြောင်း ထုတ်ဖော်ထားခဲ့သလို ယင်းသည် ဒုစရိုက်လောကနှင့် အစွန်းရောက် အကြမ်းဖက်ဝါဒ၏ အခိုးအငွေ့အကြား ချိတ်ဆက်မှုကို ပေါ်ပေါက်စေကြောင်း ယင်းက ဖော်ပြသည်။

ဒေးဗစ် အာရ် ဝင်စတန်၏ စာအုပ်ဖြစ်သည့် “အာဖဂန်နစ္စတန်၊ ပါကစ္စတန်ရှိ အစွန်းရောက်ဝါဒီများနှင့် မူးယစ်ဆေးဝါး ဒုစရိုက်လောကတို့ ပေါင်းဆုံခြင်းနှင့် ကမ္ဘာတစ်ဝန်း ယင်း၏ တစ်ဟုန်ထိုး တိုးပွားမှု” စာအုပ်တွင် သမိုင်းနောက်ခံ ရှုထောင့်ဆိုင်ရာ ပါကစ္စတန်-အာဖဂန်နစ္စတန် မူးယစ်ကုန်သွယ်မှု အပါအဝင် အာဘော်တစ်ချို့ကို အလေးပေး ဖော်ပြထားသည်။

Narco-Insecurity Inc. ၏ အစီရင်ခံစာအရ ဂျီဟတ်ဒစ် အဖွဲ့များနှင့် တိတ်တဆိတ် စစ်ဆင်ရေးအချို့ လုပ်ခဲ့သည့် ပါကစ္စတန် ထောက်လှမ်းရေး ISI ၏ အကူအညီဖြင့် ယင်းသည် ဖြစ်မြောက်ထားခဲ့ပြီး ဂျီဟတ်ဒစ် အဖွဲ့အားလုံးသည် ၎င်းတို့၏ လှုပ်ရှားမှု စစ်ဆင်ရေးများကို ငွေကြေးထောက်ပံ့ရန် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု အပေါ် အကြီးအကျယ် မှီခိုထားခဲ့ကြသလို မှောင်ခို လမ်းကြောင်းကို ၎င်းတို့ဒေသများကနေတဆင့် ထပ်မံ ချဲ့ထွင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု လမ်းကြောင်း၏ ဘော်လ်ကန်ဒေသ၊ မြောက်ပိုင်း၊ တောင်ပိုင်း လမ်းကြောင်းများကို ထုတ်ဖော်ခြင်းတို့ ရှိနေခဲ့သည်ဟု ဆိုသည်။

ယင်းတို့၏ အဓိကအကျဆုံး အဖွဲ့က ဟက်ကာနီ ကွန်ရက်ဖြစ်ပြီး ယင်းသည် မှောင်ခိုမှုအတွက် ထူထောင်ခဲ့သည့် အာဖဂန်နစ္စတန်၊ ပါကစ္စတန် နယ်စပ်တစ်လျှောက် တည်ရှိသော ပြစ်မှုကျူးလွန်သော အဖွဲ့တစ်ခုဖြစ်သည်။ ယင်း ကွန်ရက်၏ တည်နေရာနှင့် ဂျီဟတ်ဒစ် အဖွဲ့အများအပြားနှင့် မဟာမိတ်ဖွဲ့ထားမှုတို့ကြောင့် ISI က ယင်းကို အဓိက မဟာမိတ်အဖွဲ့တစ်ခုအဖြစ် ရှုမြင်သည်။ ထို့ပြင် ၎င်းတို့၏ အခြေစိုက်နေရာများတွင် စတင် ရင်းနှီးထည့်ဝင နေပြီး အခြားသော အစိုးရမဟုတ်သော အဖွဲ့အစည်းများ (non-state actors) များနှင့် ဆက်ဆံပတ်သက်ရာတွင် ၎င်းတို့ကို ကိုယ်စားလှယ်အဖြစ် အသုံးချလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly