အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်ကျွန်းစုများအနီး အမေရိကန်ရေတပ်သင်္ဘော ခုတ်မောင်း

အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်ကျွန်းစုများအနီး အမေရိကန်ရေတပ်သင်္ဘော ခုတ်မောင်း

အမေရိကန်ရေတပ်ဖျက်သင်္ဘောတစ်စီးသည် တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာ ရေကြောင်း သွားလာမှုစစ်ဆင်ရေးအဖြစ် အငြင်းပွားဖွယ် စပရတ်လေကျွန်းစုများအနီးတွင် ဇူလိုင် ၁၆ ရက် က တစ်ပတ် အတွင်း ဒုတိယအကြိမ်အဖြစ် ခုတ်မောင်းခဲ့ကြောင်း အမေရိကန်ရေတပ်က ပြောသည်။

အငြင်းပွားဖွယ် ပါရာဆယ်ကျွန်းစုများအနီးတွင် ဇူလိုင် ၁၃ ရက်က USS Benfold သင်္ဘော ခုတ်မောင်းနေသဖြင့် မောင်းထုတ်ခဲ့ရကြောင်း တရုတ်စစ်တပ်က ပြောသည်။

တရုတ်နှင့် တခြားနိုင်ငံများ ရေနက်ပိုင်ဆိုင်ကြောင်းတောင်းဆိုထားကြသည့် အားလုံးနှင့်ဆိုင်သော ရေလမ်းကြောင်း အပေါ် ကန့်သတ်ချက်များကို စိန်ခေါ်လျက် အမေရိကန်သည် တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာဖြတ်သန်းသွားလာမှုစစ်ဆင်ရေးကို ပုံမှန်လုပ်ဆောင်လေ့ရှိသည်။

USS Benfold (DDG 65) အမေရိကန်ဖျက်သင်္ဘောသည် နိုင်ငံတကာဥပဒေနှင့်အညီ စပရတ်လေကျွန်းစုများအနီး တောင်တရုတ်ပင်လယ်တွင် ရေကြောင်းသွားလာမှုအခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကို ခိုင်မာစေခဲ့သည်ဟု အမေရိကန်ရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်က အမေရိကန်သည် တင်းမာမှုများဖြစ်အောင် တမင်တကာ လှုံ့ဆောင်နေကြောင်း စွပ်စွဲပြောဆိုလိုက်ပြီး တရုတ်အနေဖြင့် ရေကြောင်းနှင့်လေကြောင်း လွတ်လပ်ခွင့်ကို နှောင့်ယှက်ဟန့်တားခြင်းမရှိဟု ဆိုသည်။

ဇွန်လ ၁၁ ရက်သည် တောင်တရုတ်ပင်လယ်အပေါ် တရုတ်တောင်းဆိုမှုမှာ တရားမဝင်ဟု နိုင်ငံတကာခုံရုံးက ဆုံးဖြတ်ချက်ချခဲ့သည့် ၆ နှစ်မြောက်ဖြစ်သည်။ တောင်တရုတ်ပင်လယ်သည် နှစ်စဉ် ရေလမ်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ထရီလီယံခန့်ရှိသည်။

တရုတ်က ထိုဆုံးဖြတ်ချက်ကို မည်သည့်အခါမျှ လက်မခံခဲ့ဘဲ တောင်တရုတ်ပင်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားသလို ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဘရူနိုင်းတို့ကလည်း ရေပိုင်နက်အပေါ် အသီးသီးတောင်းဆိုထားကြသည်။

တရုတ်နိုင်ငံသည် လေဆိပ်များ အပါအဝင် တောင်တရုတ်ပင်လယ် ပိုင်နက်အချို့တွင် ကျွန်းတုများ တည်ဆောက် ထားသောကြောင့်  ၎င်းရည်ရွယ်ချက်များနှင့် ပတ်သက်၍ ဒေသတွင် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly