တရုတ်က ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ တိုက်ခိုက်ရေး လေယာဉ်များ စေလွှတ်ခြင်းဖြင့် ကျူးကျော်လှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့

တရုတ်က ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ တိုက်ခိုက်ရေး လေယာဉ်များ စေလွှတ်ခြင်းဖြင့် ကျူးကျော်လှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့

တရုတ်က ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အတွင်းသို့ ယင်း၏ တိုက်ခိုက်ရေး လေယာဉ်များ စေလွှတ်ခြင်းဖြင့် ကျူးကျော်လှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ တရုတ်စစ်တပ်သည် ၂၀၂၂ခုနှစ် ပထမ ၆ လအတွင်း ကျူး ကျော်သည့် လေယာဉ်ပေါင်း ၅၅၅ စင်းရှိခဲ့ရာ တိုက်ခိုက်ရေးလေယာဉ် ၃၉၈ စင်းပါဝင်ခဲ့ပြီး ၂၀၂၁ခုနှစ်တွင် အလားတူကာလက ၁၈၇ စင်းသာ ပါဝင်ခဲ့သည်။

တရုတ်တပ်ဖွဲ့များသည် ဖြစ်နိုင်ခြေရှိသော ပဋိပက္ခများအတွက် ကြိုတင်ပြင်ဆင်မှုတစ်စိတ်တစ်ပိုင်းအဖြစ် ဝေဟင်ကို ကျယ်ကျယ်ပြန့်ပြန့်ထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်နေသည်ဟု ကာကွယ်ရေးလေ့လာ သုံးသပ်သူများက ပြောကြားသည်။

တရုတ်သည် ၂၀၂၂ခုနှစ် ဇွန်လနှောင်းပိုင်းတွင် ထိုင်ဝမ်၏ ADIZ အတွင်းသို့ စစ်လေယာဉ် ၂၉ စင်း စေလွှတ် ခဲ့ပြီး ယခုနှစ်တွင် တတိယအများဆုံး ပျံသန်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြခဲ့သည်။

ဂျက်တိုက်လေယာဉ် ၁၇ စင်း၊ ဗုံးကြဲလေယာဉ် ၆ စင်းနှင့် အခြားထောက်ပံ့ရေးလေယာဉ်များအပါအဝင် စစ်လေ ယာဉ်များသည် ကျွန်း၏ လေကြောင်း ကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကား၍ The Star သတင်းစာက ဖော်ပြခဲ့သည်။

ထိုင်ဝမ်ကျွန်းကို ခြိမ်းခြောက်ရန် တရုတ်၏ နည်းဗျူဟာတစ်ခုအဖြစ် ယေဘုယျအားဖြင့် ရှုမြင်ကြသော်လည်း တိုက်ခိုက်ရေးလေယာဉ်များ တိုးမြှင့်အသုံးပြုမှုသည် သတိပြုသင့်သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

မကြာသေးမီလများအတွင်း PLA သည် ထိုင်ဝမ်အနီးရှိ လေပိုင်နက်တွင်တိုက်ခိုက်ရေးလေယာဉ်ဖြင့် လေ့ကျင့်ရေးလေ့ကျင့်မှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး တောင်ဘက်ပစိဖိတ်အနောက်ဘက်ရှိ အရေးကြီး သော ဝင်ပေါက်ဖြစ်သည့် ဘာရှီ ရေလက်ကြားတွင်လည်း လေ့ကျင့်ခဲ့သည်ဟု ဝမ်က ပြောကြားခဲ့သည်။

တရုတ်က ထိုင်ဝမ်ကျွန်းပေါ်ဖိအားများတိုးမြင့်လာစေရန် ၂၀၂၀ပြည့်နှစ်နှောင်းပိုင်းမှစတင်၍ ထိုင်ဝမ်၏ ADIZ အတွင်းသို့ နေ့စဉ်နီးပါး ကင်းလှည့်လေယာဉ်များ စေလွှတ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required