ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသေဆုံးအောင် တိုက်ခိုက်သူအား သူရဲကောင်းအဖြစ် တရုတ်အမျိုး သားရေးဝါဒီအချို့ ချီးကျူး

By TIMESOFINDIA.COM
16 July 2022
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသေဆုံးအောင် တိုက်ခိုက်သူအား သူရဲကောင်းအဖြစ် တရုတ်အမျိုး သားရေးဝါဒီအချို့ ချီးကျူး

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသေဆုံးမှုကို ကမ္ဘာက မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော်လည်း တရုတ်အမျိုးသားရေးဝါဒီအချို့က အဆိုပါပစ်ခတ်မှုဖြစ်စဉ်ကို ဂုဏ်ပြုခဲ့ကြပြီး တိုက်ခိုက်သူအား 'သူရဲကောင်း'အဖြစ်ပင် ချီးကျူးခဲ့ကြသည်။

ဂျပန်အနောက်ပိုင်းတွင် မဲဆွယ်စည်းရုံးရေးမိန့်ခွန်းပြောကြားစဉ် အာဘေး အပစ်ခံရပြီး မကြာခင်မှာ Weibo တွင် တရုတ်အမျိုးသားရေးဝါဒီများက သေစေလိုသည့် ဆန္ဒပြကို ဖော်ပြခဲ့ကြသည်။

သြစတြေးလျအခြေစိုက် နိုင်ငံရေးကာတွန်းဆရာ၊ အနုပညာရှင်နှင့် လူ့အခွင့်အရေးလှုပ်ရှားသူ ဘာတူချောင်၏ တွစ်တာတွင် အဆိုပါပို့စ်ကို မျှဝေခဲ့ကြသည်။

ဝန်ကြီးချုပ်ဟောင်းအား တိုက်ခိုက်မှုကို ဂုဏ်ပြုကြောင်းဖော်ပြသည့် တရုတ်လူမှုမီဒီယာအကောင့်အမျိုးမျိုး၏ ဖန်သားပြင်ဓာတ်ပုံများစွာကို ၎င်းက မျှဝေခဲ့သည်။

အဆိုပါ ဓာတ်ပုံများတွင် တရုတ်၌ အာဘေးသေဆုံးမှုအတွက် လှုပ်ရှားတစ်ခုကို လုပ်ဆောင်နေကြောင်း ဖော်ပြခဲ့သည်။

'လက်ရှိဂျပန်ဝန်ကြီးချုပ်နဲ့ ကိုရီးယားဝန်ကြီးချုပ်လဲ အပစ်ခံရမယ်လို့ မျှော်လင့်တယ် 'ဟု WeChat တွင် နောက်ထပ်အသုံးပြုသူတစ်ဦးက ရေးသားခဲ့သည်။

''ကျေးဇူးတင်ပါတယ် ဂျပန်ဆန့်ကျင်ရေးသူရဲကောင်း (တိုက်ခိုက်သူ) ''ကျွန်တော်ရယ်လို့ရလား'' ဟု သုံးစွဲသူ တစ်ဦးက ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required