ဒလိုင်းလားမား သက်တော် ၈၇ နှစ်ပြည့် မွေးနေ့အဖြစ် ဒါရမ်ရှာလာမြို့တွင် ဆုတောင်းမေတ္တာပို့သ

ဒလိုင်းလားမား သက်တော် ၈၇ နှစ်ပြည့် မွေးနေ့အဖြစ် ဒါရမ်ရှာလာမြို့တွင် ဆုတောင်းမေတ္တာပို့သ

တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား သက်တော်ရာကျော်ရှည်ရေးအတွက် ကိုးကွယ်ဆည်းကပ်သူ ထောင်ပေါင်းများစွာနှင့် ဘုန်းတော်ကြီးများက ဇူလိုင် ၉ရက်တွင် စူဂလာခန် ဘုန်းတော်ကြီးကျောင်းတွင် မွေးနေ့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

ဇူလိုင်လ ၆ ရက်တွင်ကျရောက်သည့် ၁၄ ဆက်မြောက် ဒလိုင်လားမား၏ ၈၇ နှစ်ပြည့်မွေးနေ့ကို ကမ္ဘာတစ်ဝန်း ရှိ တိဗက်လူမျိုးများက ကျင်းပခဲ့ကြသည်။ အဝေးရောက်တိဗက်အစိုးရ၏ ဗဟိုတိဗက်အုပ်ချုပ်ရေးအဖွဲ့ (CTA) သည် ဒလိုင်းလားမား၏ ၈၇ နှစ်မြောက်မွေးနေ့ကို ဟိမာချယ်ပရာဒေ့ရှ်ပြည်နယ် ဒါရမ်ရှာလာမြို့တွင် ကျင်းပခဲ့ သည်။

ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကျောင်းသူကျောင်းသားများနှင့် နိုင်ငံခြားသားထောက်ခံသူများ အပါအဝင် ရာနှင့်ချီသော တိဗက်လူမျိုးများသည် ပင်မဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်သည့် စူဂလာခန် ဘုန်းတော်ကြီး ကျောင်းတွင် စုဝေးခဲ့ကြသည်။

၁၄ ဆက်မြောက် ဒလိုင်းလားမားကို ၁၉၃၅ ခုနှစ် ဇူလိုင် ၆ ရက်တွင် အန်ဒိုတက်စရာတွင် လယ်သမား မိသားစုမှ မွေးဖွားခဲ့ပြီး ဒလိုင်းလားမား၏ ပထမဆုံးနာမည်မှာ လာမိုဒွန်ဒတ်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ လူများ၏ လေးစားကြည်ညိုမှုကို ခံရသော်လည်း သူ့ကိုယ်သူ သာမန်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဟု အမြဲ တမ်း ရည်ညွှန်းခဲ့သည်။

၂နှစ်သားအရွယ်တွင် ၁၃ ဆက်မြောက် ဒလိုင်းလားမား တက်ဘန်ဂတ်စို ဆက်ခံသူအဖြစ် အသိအမှတ်ပြုခံခဲ့ရ သည်။ ယင်းအချိန်မှစ၍ တိဘက်ဘာသာရေးခေါင်းဆောင်အဖြစ် သူ၏ဘဝ စတင်ခဲ့သည်။

ဒလိုင်းလားမားသည် ပြည်ပတွင် နေထိုင်ခဲ့ရသည့် ဘဝတစ်လျှောက်လုံးတွင် ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်မှုနှင့် အကြမ်းမဖက်ရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ပြယုဂ်တစ်ခုအဖြစ် ကမ္ဘာနိုင်ငံရေး၊ ဘာသာရေးနှင့် လူမှုရေး ခေါင်းဆောင်များအကြား ထင်ရှားခဲ့သည်။

ထို့ပြင် တရုတ်၏ ဒီမိုကရေစီ ဆန့်ကျင်ရေး၊ ဘာသာရေး ဆန့်ကျင်ရေးနှင့် လူသားဝါဒ ဆန့်ကျင်ရေး သဘော ထားနှင့် တရုတ်အုပ်ချုပ်မှုအောက်တွင် တိဗက်လူမျိုးများ၏ မရေမတွက်နိုင်သော ဆင်းရဲဒုက္ခများကို ဖော်ထုတ် ပြသရာတွင်လည်း အောင်မြင်ခဲ့သည်။

ဒလိုင်းလားမားသည် တိဗက်လွတ်လပ်ရေးလှုပ်ရှားမှုအတွက်နိုင်ငံတကာ၏ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required