ငလျင်ကြောင့် ပျက်စီးသွားသော တိဗက်ဘုန်းကြီးကျောင်းကို ပြန်ဆောက်ပေးရန် တရုတ်အာဏာပိုင်များ ငြင်းဆန်

By Tibet Rights Collective
16 July 2022
ငလျင်ကြောင့် ပျက်စီးသွားသော တိဗက်ဘုန်းကြီးကျောင်းကို ပြန်ဆောက်ပေးရန် တရုတ်အာဏာပိုင်များ ငြင်းဆန်

တိဗက်အရှေ့မြောက်မြောက်ပိုင်းတွင် ပြီးခဲ့သောလက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဂယ်ရောင်ဆိုဒန်ခရီတီ တိဗက်ဘုန်းကြီးကျောင်းကို ပြန်ဆောက်ရန် ဒေသဆိုင်ရာ တရုတ်အာဏာပိုင်များထံမှ အကူအညီရနိုင်မည့်အခြေအနေကို မသိရသေးကြောင်း အဆိုပါကျောင်းမှ ဘုန်းတော်ကြီးများက ပြောသည်ဟု အခြေအနေနှင့်နီးစပ်သူတစ်ဦးက ဇူလိုင် ၁၂ ရက်က ပြောသည်။

ချီအန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနှင့် ငါဘာကောင်တီရှိ ဘာခန်ရွာတွင် ဇွန်လ ၁၀ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူ ၂၅ ၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဒေသခံများက RFA သို့ပြောခဲ့သည်။ ဗုဒ္ဓဘာသာ ဘုရားကျောင်းများ၊ သက်ကြီးရွယ်အိုများနေထိုင်ရာ ဂေဟာများ၊ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းပေါင်း ၁၅၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့သည်။

ဘာခန်ရွာမှ ၈၅ ကီလိုမီတာ ကွာဝေးသောဂယ်ရောင်ဆိုဒန်ခရစ်တီဘုန်းကြီးကျောင်း ပျက်ဆီးသွားသဖြင့် ၎င်းကျောင်းရှိ ဘုန်းကြီးအပါး ၂၉၀ ကျော်သည် ယာယီနေရာထိုင်ခင်းများသို့ ပြောင်းရွှေ့ခဲ့ရကြောင်းနှင့် ဒေသတွင်းတရုတ်အာဏာပိုင်များက ဘုန်းကြီးကျောင်းပြန်ဆောက်ရန် အကူအညီပေး၊ မပေးဆိုသည်ကို ဘုန်းကြီးရော ဒေသခံများပါ မသိသေးဟု တိဗက်သတင်းရင်းမြစ်က ပြောသည်။

“ဒေသခံတိဗက်တွေ အတော်များများက ယာယီတဲတွေမှာ ဆက်ပြီး နေနေကြပါတယ်” ဟု ၎င်းက ဆိုသည်။

ကနဦးငလျင်လှုပ်ပြီး ၃ ရက်အကြာ ဇွန်လ ၁၃ ရက်အထိ အစိုးရကယ်ဆယ်ရေးသမားများသည် ဘာခန်ရွာသို့ ရောက်မလာကြပေ။ အာဏာပိုင်များရောက်ရှိလာပြီးနောက် အသက်ရှင်ကျန်ရစ်သူများကို အစားအစာ၊ ရေနှင့် ယာယီတဲများ ထောက်ပံ့ပေးသော တိဗက်အရပ်သားများနှင့် ဘုန်းကြီးများကို တရုတ်အာဏာပိုင်များက ဖယ်ရှားခဲ့ကြောင်း RFA က ဖော်ပြခဲ့သည်။

ထို့နောက် အာဏာပိုင်များက ငလျင်နှင့်ပတ်သက်သည့် သတင်း သို့မဟုတ် ဓာတ်ပုံများကို လူမှုမီဒီယာ၌ မတင်ကြရန် ဒေသခံများအား တားမြစ်ဟန်တားခဲ့သည်။ ဇွန် ၁၀ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ံတစ်ဦး ဒဏ်ရာရခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ၂၅ ၇၉၀ ဦးကို နေရာပြောင်းရွှေ့ပေးခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly