နယ်သာလန်ဆက်သွယ်ရေးကုမ္ပဏီက တရုတ်နည်းပညာကို ဆွီဒင်နှင့် အစားထိုးမည်

နယ်သာလန်ဆက်သွယ်ရေးကုမ္ပဏီက တရုတ်နည်းပညာကို ဆွီဒင်နှင့် အစားထိုးမည်

ဆွီဒင်ကုမ္ပဏီ Ericsson က 5G ရေဒီယိုကွန်ရက်အသစ်ကို နယ်သာလန်၏ အကြီးဆုံးမိုဘိုင်းကွန်ရက် ဝန်ဆောင်မှုပေးသူ T-Mobile သို့ ပံ့ပိုးပေးမည်ဖြစ်ခြင်းကြောင့် T-Mobile က တရုတ်ပစ္စည်း Huawei နှင့် ကွန်ရက်တည်ဆောက်ခြင်းကို ရပ်ဆိုင်းတော့မည်ဖြစ်သည်။

လက်ရှိ ဝန်ဆောင်မှုပေးနေသည့် Huawei နှင့် ၂၀၁၇ခုနှစ်တွင် ချုပ်ဆိုထားသော စာချုပ်ကို သက်တမ်းတိုး တော့မည် မဟုတ်ပေ။

သူလျှိုလုပ်မည်ကို စိုးရိမ်သောကြောင့် Huawei နည်းပညာအသုံးပြုမှုနှင့် ပတ်သက်၍ စည်းမျဉ်းများ တင်းကျပ် ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

အစောပိုင်းက T-Mobile သည် လွန်ခဲ့သောနှစ်အနည်းငယ်အထိ တရုတ်နည်းပညာကို လုံးလုံးနီးပါး အားကိုး ခဲ့ရသည်။ ကွန်ရက်စီမံခန့်ခွဲမှုနှင့် ပြုပြင်ထိန်းသိမ်းမှုများကို T-Mobile အတွက်Huawei က ပြင်ပရင်းမြစ် အနေ ဖြင့် လုပ်ကိုင်ပေးခဲ့သည်။

တရုတ်နိုင်ငံပိုင်ကုမ္ပဏီများက ယင်း၏ ထောက်လှမ်းရေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် တရုတ် ဥပဒေ များကို ထည့်သွင်းစဉ်းစားပါက Huawei ကို Ericsson ဖြင့် အစားထိုးရန် ဆုံးဖြတ်ချက်သည် အံ့သြစရာ မဟုတ် ပေ။

"T-Mobile သည် 5G နှင့် လက်ရှိ 3G နှင့် 4G နှစ်မျိုးစလုံးအတွက် မိုဘိုင်းရေဒီယိုကွန်ရက်ကို ပံ့ပိုးပေးရန် Ericsson နှင့် ရေရှည်ကတိကဝတ်ပြုထားသည်" ဟု T-Mobile က ပြောကြားခဲ့သည်။

နယ်သာလန်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့်ကုမ္ပဏီများက ယင်းတို့၏ ကွန်ရက်များကို 'ယုံကြည် စိတ်ချရမှုမရှိသော ပစ္စည်းပေးသွင်းသူများ/စက်ပစ္စည်းများ' ကို ဖယ်ရှားပါက လျော်ကြေးရမည်ဖြစ်ကြောင်း အကြောင်းကြားထားသည်ဟု ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။

အစောပိုင်းတွင် သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်နှင့် ဗြိတိန်တို့က Huawei စက်ပစ္စည်းများကို ယင်းတို့၏ 5G ကွန်ရက်မှ ကန့်သတ်ချက်ခြင်း သို့မဟုတ် ပိတ်ပင်ခဲ့ကြသည်။

ထို့ပြင် KPN သည် 5G ကွန်ရက်တွင် Huawei ကို အသုံးပြုနေသည့် တစ်ခုတည်းသော နယ်သာ လန်ဆက်သွယ်ရေးကုမ္ပဏီဖြစ်ပြီး ပင်မကွန်ရက်များတွင် Huawei ကို အသုံးပြုခြင်းအား ဖယ်ရှားလိုက်ပြီး Ericsson ကို အစားထိုးလိုက်ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly