တရုတ်၏ ပြင်းထန်သော ကိုဗစ်-၁၉ လုံးဝကင်းစင်ရေးမဟာဗျူဟာက အတူယှဉ်တွဲနေထိုင်ရေးကို ဦးတည်လာ

တရုတ်၏ ပြင်းထန်သော ကိုဗစ်-၁၉ လုံးဝကင်းစင်ရေးမဟာဗျူဟာက အတူယှဉ်တွဲနေထိုင်ရေးကို ဦးတည်လာ
Photo: EPA

တရုတ်က ကိုဗစ်-၁၉နှင့် အတူယှဉ်တွဲနေထိုင်ရန် လှုပ်ရှားမှုတစ်ခုကို ရှေ့တစ်လှမ်းတိုး လုပ်ဆောင်လိုက်သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ပြည်တွင်းခရီးသွားလာမှုအတွက် သီးသန့်ခွဲထားချိန်ကို ထက်ဝက်လျှော့ချခဲ့ပြီး ယင်း၏ မဖြစ်မနေ ခရီးသွားခြေရာခံ အက်ပ်ပလီကေးရှင်းတွင် ကိုယ်ရေးကိုယ်တာအန္တရာယ်ညွှန်ကိန်းကို ဖယ်ရှားခြင်းဖြင့် ပြည်တွင်းသွားလာမှုကို ဖြေလျှော့ပေးကာ နိုင်ငံတကာလေကြောင်းခရီးစဉ်များစွာကို ပြန်လည် စတင် ခွင့်ပြုခဲ့ပြီး နိုင်ငံလုံးဆိုင်ရာမူဝါဒများအပေါ်တွင် နောက်ထပ်ခရီးသွားကန့်သတ်ချက်များကို မချမှတ်ရန် ဒေသန္တရ အစိုးရများကို သတိပေးခဲ့သည်။

ယင်းတို့အားလုံးသည် တရုတ်၏ တက်ကြွသော ကိုဗစ်-၁၉ ကင်းစင်ရေးမဟာဗျူဟာ၏ တစ်စိတ် တစ်ပိုင်း ဖြစ်သည်။

အိုမီခရွန်မူကွဲက အများပြည်သူကျန်းမာရေးကို အနည်းငယ်ခြိမ်းခြောက်နေချိန်တွင် စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေး ဆုံးရှုံးမှုများပိုမိုဖြစ်ပေါ်စေခဲ့သည့် ရှန်ဟိုင်းမြို့တွင် ပြင်းထန်သော ပိတ်ဆို့ကန့်သတ်မှုမှ သင်ခန်းစာ များရယူပြီးနောက် အပြောင်းအလဲများဖော်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံတော်က ပြုလုပ်သည့် သုတေသနပြု ချက်က ဆိုသည်။

သို့သော် နောက်ဆုံးအနေဖြင့် ဖြေလျော့မှုများရှိနေသော်လည်း တရုတ်သည် ကမ္ဘာတွင် ကိုဗစ်-၁၉ မူဝါဒများကို တင်းကျပ်ဆုံးသော နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ဆက်ရှိနေသေးသည်။

ယခုအချိန်တွင် အိမ်နီးချင်းကျန်းစုပြည်နယ်အထိ ပျံ့နှံ့သွားခဲ့သည့် အရှေ့ပိုင်းအန်ဟွေးပြည်နယ်ရှိ ခရိုင်တစ်ခု တွင် နောက်ဆုံးအငယ်စားကူးစက်မှုတစ်ခုဖြစ်ပွားပြီးနောက် ကန့်သတ်ပိတ်ဆို့ခြင်း၊ သီးသန့်ခွဲထားခြင်းနှင့် အစု လိုက်အပြုံလိုက်စမ်းသပ်မှုများ ထပ်မံပြုလုပ်ခဲ့ရာ ယခုအကြိမ်အစီအမံများသည် ယခင်အခေါက်များထက် သက် ဆိုင်ရာ ပစ်မှတ်များကို ပိုမိုဂရုဓမ္မထားဖော်ဆောင်ခဲ့ပြီး မြို့တော် ဝူရှီတွင် ဈေးဝယ်စင်တာများနှင့် အများ ပြည်သူ သယ်ယူပို့ဆောင်ရေးကို ဆက်လက်ထားရှိနေဆဲဖြစ်သည်။

ထို့ပြင် ပုံမှန်နျူကလိစ်အက်ဆစ်စမ်းသပ်မှုသည် တရုတ်မြို့ကြီးများတွင် နေ့စဉ်ဘဝ၏ တစ်စိတ် တစ်ပိုင်းအဖြစ် တည်ရှိနေဆဲဖြစ်သည်။

ဖြေလျှော့မှုများ၏ သိသာထင်ရှားသော သက်ရောက်မှုတစ်ခုမှာ တိုင်းပြည်သည် မည်သို့ဦးတည်သွားနေ ကြောင်းကို လူထုနှင့် ဒေသဆိုင်ရာ အစိုးရအရာရှိများထံ အရေးကြီးသော အချက်ပြမှုအဖြစ် သိရှိစေခြင်း ဖြစ်သည်။

ထို့ပြင် အတည်ပြုထားသောရောဂါဖြစ်ပွားသူနှင့် အနီးကပ်အဆက်အသွယ်ရှိသူများသည် နေအိမ်များတွင်သာ သီးသန့်ခွဲနေလာနိုင်ခြင်းကြောင့် ပြင်းထန်သော ကိုဗစ်-၁၉ ကင်းစင်ရေးမဟာဗျူဟာသည် ကိုဗစ်-၁၉နှင့် အတူ ယှဉ်တွဲနေထိုင်ရေး နေထိုင်မှုပုံစံဖြစ်လာရန် စတင်နေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly