အင်ဒို-ပစိဖိတ်ဒေသ၌ တရုတ်၏ရန်လိုမှုကြီးထွားလာချိန်တွင် ဂျပန်ဝန်ကြီးချုပ်ဟောင်း သေဆုံးမှုက ထိုင်ဝမ်အတွက် ဆုံးရှုံးမှုဖြစ်

အင်ဒို-ပစိဖိတ်ဒေသ၌ တရုတ်၏ရန်လိုမှုကြီးထွားလာချိန်တွင် ဂျပန်ဝန်ကြီးချုပ်ဟောင်း သေဆုံးမှုက ထိုင်ဝမ်အတွက် ဆုံးရှုံးမှုဖြစ်

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် တရုတ်၏ ရန်လိုမှုများအကြား ထိုင်ဝမ်ကို ကာကွယ်ရန် ကတိကဝတ်ပြုထားသူဖြစ်သောကြောင့် ၎င်းလုပ်ကြံခံရမှုသည် ထိုင်ဝမ်ကျွန်းအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်သည်။

အာဘေးသည် ဂျပန်စစ်တပ်ကို ပိုမိုတက်ကြွသောအခန်းကဏ္ဍမှ ပါဝင်စေရန်နှင့် ၎င်း၏ စစ်ဆန့်ကျင်ရေးဝါဒီ ဖွဲ့စည်းပုံတို့ကို ပြင်ဆင်ရာတွင် အရေးပါသော ကြိုးပမ်းအားထုတ်မှုကဏ္ဍ၌ ပါဝင်ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် အမေရိကန်အပါအဝင် စိတ်တူကိုယ်တူဒေသတွင်း အင်အားကြီး နိုင်ငံများပါဝင်သည့် တရုတ်ကိုတန်ပြန်သော Quad အဖွဲ့၏ ဗိသုကာလည်းဖြစ်သည်ဟု Washington Post ကဖော်ပြသည်။

အာဘေးသည် ၂၀၂၀ ခုနှစ်တွင် ရာထူးမှ အနားယူပြီးနောက် အင်ဒိုပစိဖိတ်ဒေသတွင် တရုတ်၏ ကြီးထွားလာသော ရန်လိုမှုများကို ဝေဖန်သူတစ်ဦးလည်းဖြစ်သည်။ ထိုင်ဝမ်တွင် ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်နေချိန်၌ အာဘေးက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို ပို့ပေးကာ ကူညီပေးခဲ့သည်။

၎င်း၏ ကြိုးပမ်းအားထုတ်မှုများကြောင့် အာဘေးသည် ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်အပါအဝင် ထိုင်ဝမ် နိုင်ငံရေးခေါင်းဆောင်များနှင့် ရင်းနှီးခဲ့ပြီး ဆိုင်အင်ဝမ်က အာဘေး၏ တစ်သက်တာပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောခဲ့သည်။

အာဘေးလုပ်ကြံခံရပြီးနောက် ထိုင်ဝမ်သည် အာဘေးအား ကျေးဇူးတင်ကြောင်း သတင်းစကားပါးရင်း အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ဇူလိုင် ၈ ရက်ညက တိုင်ပေရှိ ၁၀၁ ထပ် မိုးမျှော်တိုက်တွင် လျှပ်စစ်မီးများ ထွန်းထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required