ငရုတ်ကောင်းမြို့တွင် ဝါဆိုလှိုင်းခုန်ပွဲသွားသည့် ဒေသခံ ၄ ဦး ရေနစ်သေဆုံး

ငရုတ်ကောင်းမြို့တွင် ဝါဆိုလှိုင်းခုန်ပွဲသွားသည့် ဒေသခံ ၄ ဦး ရေနစ်သေဆုံး

ဇူလိုင် ၁၅

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့တွင် ဇူလိုင်လ ၁၃ ရက်နေ့က ဝါဆိုလှိုင်းခုန်ပွဲသွားသည့် အမျိုးသားလေးဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ရွာနေ အသက် (၄၀) ခန့်အရွယ် ဦးမျိုးကိုကို(ခ)ဖိုးချို၊ အသက် (၅၆) နှစ် အရွယ် ဦးအေးထွန်း၊ အသက် (၄၉) နှစ် ဦးဇော်မြင့်နိုင်၊ အသက်(၄၈)နှစ်ဦးဆန်းအောင်တို့ ရေနစ်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့က နေ့လယ်ပိုင်းမှာ ရေကျော်ကျေးရွာနေဦးအေးထွန်းက မိုးတိမ်ပြင်ကျေးရွာအုပ်စု ကျွန်းလေး ချောင်းကနေ ဒရယ်ကျွန်းဘက်ကမ်းကို ဖြတ်ကူးတဲ့အချိန်မှာ ရေစီးထဲမျောပါသွားတယ်။ မျောပါသွား တော့ သူနဲ့အတူပါလာတဲ့သုံးယောက်က လိုက်ဆယ်ရင်း လေးယောက်လုံးပင်လယ်ထဲကို မျောပါသွား တာပါ” ဟုဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် ၎င်းတို့၏မိသားစုဝင်များနှင့်ဒေသခံများက လိုက်လံရှာဖွေရာ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်း က ဒရယ်ကျွန်းကမ်းခြေတွင် ဦးဖိုးချို၏အလောင်းကိုတွေ့ရှိရပြီး ကျန်သုံးဦး၏ ရုပ်အလောင်းများကို ဇူလိုင် လ ၁၄ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းတို့လေးဦးသည် ငရုတ်ကောင်းမြို့၊ ဒရယ်ကျွန်းကမ်းခြေတွင် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ (ဇူလိုင် ၁၃ )ကပြုလုပ်သည့် ဝါဆိုလှိုင်းခုံပွဲသို့ ရေကစားရန်သွားရာမှ ယခုကဲ့သို့ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဧရာဝတီတိုင်း ငပုတောမြို့နယ်အတွင်းရှိ ကမ်းခြေဒေသများတွင် နှစ်စဉ်ဝါဆို လပြည့်ကျော် ၁ ရက်နေ့ ရောက်တိုင်း ဝါဆိုလှိုင်းခုန်ပွဲတော် ပြုလုပ်လေ့ရှိသည်။

#Mizzima

#ဧရာဝတီတိုင်း

#ငရုတ်ကောင်းမြို့နယ်

#ဝါဆိုလှိုင်းခုံပွဲ

#ဒေသခံလေးဦး

#ရေနစ်သေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly