တရုတ်၏ အခြေခံအအောက်အအုံစီမံကိန်းများနှင့်ပတ်သက်မိသည့် တောင်အာရှနိုင်ငံများ ကျရှုံးလျက်ရှိ

တရုတ်၏ အခြေခံအအောက်အအုံစီမံကိန်းများနှင့်ပတ်သက်မိသည့် တောင်အာရှနိုင်ငံများ ကျရှုံးလျက်ရှိ

သီရိလင်္ကာဝန်ကြီးချုပ် ရာနီးလ်ဝစ်ကရီမီဆင်ဟီက  ကျွန်းနိုင်ငံသည် ဒေဝါလီခံရသည့်နိုင်ငံအဖြစ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်းကို မကြာသေးမီက ဝန်ခံခဲ့သည်။

စီးပွားရေးအကျပ်အတည်းကို ခံစားနေရသည်မှာ သီရိလင်္ကာ တစ်နိုင်ငံတည်းမဟုတ်ဘဲ နီပေါ ၊ မော်လ်ဒိုက်နှင့် ပါကစ္စတန်တို့သည်လည်း အခက်အခဲပြဿနာများစွာကို ရင်ဆိုင်နေရသည်။ 

ထိုအရာများအားလုံးသည် တရုတ်၏ ခါးပတ်လမ်းရပ်ဝန်း (BRI) စီမံကိန်းမှရလိုက်သည် လက်ဆောင်ဖြစ်ကြောင်း The Hill ကဖော်ပြသည်။

သီရိလင်္ကာရှိ အခြေခံအဆောက်အအုံစီမံကိန်းများစွာအတွက် အတိုးနှုန်းများသည့် ချေးငွေများပေးထားသော တရုတ်သည် နိုင်ငံကိုအကူအညီပေးရန် ငြင်းဆန်လိုက်ကာ လက်ရှိအကျပ်အတည်းကာလ၌ နှုတ်ဆိတ် လျက်ရှိသည်။

တရုတ်နိုင်ငံထံမှ ငွေအမြောက်အမြား ချေးယူခဲ့သည့် သီရိလင်္ကာနိုင်ငံအတွက် တာဝန်ရှိသော သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာနှင့် ၎င်း၏အစ်ကို သမ္မတဟောင်းနှင့်ဝန်ကြီးချုပ်ဖြစ်သူ မဟင်ဒါရာဂျာပက်ဆာက ငွေကြေးအကျပ်အတည်းဖြစ်နေသော တောင်အာရှနိုင်ငံများသည် တရုတ်ထံမှ ယခင်ကဲ့သို့ အလေးထားမှု မရတော့ကြောင်း ဝမ်းနည်းစွာပြောဆိုခဲ့သည်။

တရုတ်သည် အထက်တန်းလွှာများကို လာဘ်ထိုးခြင်းကဲ့သို့သော လှည့်ကွက်များဖြင့် အိန္ဒိယကို ထောင်ချောက်ဆင်ရန်နှင့် အမေရိကန်အား တောင်အာရှမှ ထွက်ခွါသွားစေရန် နှစ်ပေါင်းများစွာ ကြိုးပမ်းနေပြီး အခြားနိုင်ငံများကို ကြီးမားသော အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်များအတွက် ချေးငွေများစွာ ထုတ်ပေးလျက်ရှိသည်။

တရုတ်သည် လွန်ခဲ့သည်နှစ်အနည်းငယ်က ၎င်း၏ခြေရာ ကြီးထွားလာမည်ဟု ထင်ရသော ဒေသတစ်ခုတွင် ယခုအခါ ဩဇာအာဏာကျဆင်းလာမည့်အလားအလာနှင့် ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံ၏ ချေးငွေများသည် စီးပွားရေး တာဝန်ယူမှုနည်းပါးပြီး တရုတ်နိုင်ငံအား မဟာဗျူဟာမြောက် အသာစီးရစေခြင်းအပေါ် ပိုမိုအခြေခံထားကြောင်း လတ်တလော သီရိလင်္ကာ၏စီးပွားရေးအကျပ်အတည်းက ပြသနေသည်။

တောင်အာရှရှိ အခြားနိုင်ငံများတွင်လည်း တရုတ်က ငွေကြေးထောက်ပံ့ထားသည့် အကုန်အကျများသလောက် အသုံးမဝင်သော စီမံကိန်းများဖြင့် ဝန်ပိနေပြီး အထူးသဖြင့် ပြုပြင်ထိန်းသိမ်းမှုစရိတ်သည် အကျိုးအမြတ်ထက် ပိုများနေသည်။ တရုတ်၏ ချေးငှားမှုကြောင့် မော်လ်ဒိုက်တွင်လည်း လွန်ခဲ့သည့် ၂ နှစ်က စီးပွားရေး အကျပ်အတည်း ဖြစ်ပေါ်ခဲ့သည်။

အခြေခံအဆောက်အအုံစီမံကိန်းများအတွက် တရုတ်နိုင်ငံမှ ချေးငွေယူထားသည့် နီပေါသည် ငွေပေးချေမှုအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

သီရိလင်္ကာအပြင် တရုတ်နိုင်ငံ၏ အရင်းနှီးဆုံးမိတ်ဆွေ ပါကစ္စတန်သည်လည်း စီးပွားရေးအကျပ်အတည်းကို ခံစားနေရသည်။

လက်ရှိတွင် ပါကစ္စတန်သည် အကြွေးဆပ်ရန်ပျက်ကွက်မှုများအတွက် IMF နှင့် ညှိနှိုင်းလျက်ရှိသည်။

တစ်ချိန်က ပါကစ္စတန်အတွက် ပြောင်းလဲမှုတစ်ခုအဖြစ် အောင်ပွဲခံခဲ့သော တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) သည် ယခုအခါ အာရေဗျပင်လယ်ကမ်းရိုးတန်းနှင့် ရေနံထုတ်လုပ်သည့် ပင်လယ်ကွေ့နိုင်ငံများအနီးတွင် ခြေကုပ်ယူရန် တရုတ်၏ ကြိုးပမ်းမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required