တရုတ်သမ္မတရှီက ထိုင်ဝမ်ကို သိမ်းယူနိုင်ရေးတွင် ယူကရိန်းစစ်ပွဲမှ သင်ခန်းစာယူနေ

တရုတ်သမ္မတရှီက ထိုင်ဝမ်ကို သိမ်းယူနိုင်ရေးတွင် ယူကရိန်းစစ်ပွဲမှ သင်ခန်းစာယူနေ

ရုရှား-ယူကရိန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားနေချိန်တွင် တရုတ်သည် ထိုင်ဝမ်ကို ကျူးကျော်မည့် အလားအလာ အတွက် ၄ လကြာပြီဖြစ်သော ပဋိပက္ခကို စိတ်ဝင်တစား စောင့်ကြည့် လေ့လာလျက်ရှိသည်ဟု သုံးသပ်သူများက ပြောသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဇွန်လ ၁၅ ရက်က ဖုန်းဖြင့် ဆက်သွယ် ပြောဆိုမှုသည် ယူကရိန်းပဋိပက္ခစတင်အပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး ကြီးထွားလာမှုကို ညွှန်ပြနေသည်။

အချုပ်အခြာနှင့်လုံခြုံရေးအတွက် ရုရှားအား ပိုမိုထောက်ခံသွားမည်ဟူသော တရုတ်သမ္မတ၏ ကတိကဝတ်က တရုတ်သည် ရုရှားကို မရှုတ်ချပါက ဂုဏ်သိက္ခာထိခိုက်လိမ့်မည်ဟူသော အနောက်နိုင်ငံများ၏ သတိပေးချက်အားလုံးကို တရုတ်ခေါင်းဆောင်အနေဖြင့် မထီမဲ့မြင်ပြုရာရောက်သည်။

သို့သော်အနောက်နိုင်ငံများရှိ ခေါင်းဆောင်များအတွက် ပို၍ စိုးရိမ်စရာကောင်းသည်မှာ ရှီသည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမည်ဟု ထပ်မံကတိပြုလိုက်ခြင်းပင်ဖြစ်သည်။

သမ္မတရှီအနေဖြင့် တရုတ်ယွမ်ငွေကို နိုင်ငံတကာသို့ ထိုးဖောက်နိုင်စေရေး အရှိန်မြှင့်ရမည်ဖြစ်ကာ ၎င်းအပေါ်အခြေခံလျက် နိုင်ငံတကာစီးပွားရေးကွန်ရက်ကို ထူထောင်ပြီး ဒေါ်လာအရှုပ်အထွေးမှ လွတ်မြောက်အောင်လုပ်ဆောင်ရမည်ဟု ဆောင်းပါးရှင် ကျန်းလီယန်နှင့် ယန်ယုတို့က Providence မဂ္ဂဇင်းတွင် ရေးသားခဲ့သည်။

အမေရိကန်နှင့် နေတိုးအုပ်စုသည် ယူကရိန်းကျူးကျော်မှုနှင့်ပတ်သက်ပြီး သက်သက်ညှာညှာ လုပ်ဆောင်နေခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ပူတင်၏ နျူကလီးယားခြိမ်းခြောက် မှုကြောင့်ဖြစ်ကြောင်းနှင့် နျူကလီးခြိမ်းခြောက်မှုသည် အလုပ်ဖြစ်ကြောင်းကို တခြားနိုင်ငံများမှတစ်ဆင့် သင်ခန်းစာရလိုက်ကြောင်း ယန်နှင့်ယုတို့က ထောက်ပြခဲ့ကြသည်။

“ရှီ၏ သြဇာအာဏာ အပြုသဘောဆောင်သော သက်ရောက်မှုကို လျှော့ချရန် အမေရိကန်နှင့် အီးယူကဲ့သို့သော အနောက်အင်အားကြီးနိုင်ငံများသည် ယူကရိန်းအား လုံလောက်သော အထောက်အပံ့များ ပေးခြင်းဖြင့် စစ်ပွဲကို အမြန်အနိုင်ရအောင် ကူညီပေးကာ အာဏာရှင်ဆန်သောနိုင်ငံများ၏ ရက်စက်ကြမ်းကြုတ်သော ချဲ့ထွင်မှုကို ထိထိရောက်ရောက်တွန်းလှန်သင့်ကြောင်းနှင့် ဤနည်းအားဖြင့် ဒီမိုကရေစီနိုင်ငံအများအပြား၏ ညီညွတ်မှုကို အဆုံးအဖြတ်ပေးသည့်စစ်ရေးအကြောင်းခံတစ်ခုအဖြစ်သို့ ပြောင်းလဲရမည်ဟု ဆောင်းပါးရှင် ကျန်းလီယန်နှင့် ယန်ယုတို့က ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required