ပေကျင်းတွင် အများပြည်သူဆိုင်ရာနေရာများသို့ ဝင်ရောက်ခွင့်အတွက် ကာကွယ်ဆေးထိုးရမည့် အစီအစဉ်ကို ဒေသခံများထံမှ ကန့်ကွက်သဖြင့် ပြန်လည်ရုပ်သိမ်း

ပေကျင်းတွင် အများပြည်သူဆိုင်ရာနေရာများသို့ ဝင်ရောက်ခွင့်အတွက် ကာကွယ်ဆေးထိုးရမည့် အစီအစဉ်ကို ဒေသခံများထံမှ ကန့်ကွက်သဖြင့် ပြန်လည်ရုပ်သိမ်း

တရုတ်နိုင်ငံမြို့တော် ပေကျင်းတွင် အများပြည်သူဆိုင်ရာအချို့နေရာများသို့ ဝင်ရောက်ခွင့်အတွက် အဖြစ်မနေ ကာကွယ်ဆေးထိုးရမည့်အစီအစဉ်ကို ဒေသခံများထံမှ ကန့်ကွက်ပြီးနောက် ပြန်လည် ရုပ်သိမ်းထားပုံရသည်။

အစီအစဉ်ပယ်ဖျက်လိုက်ကြောင်း ပြတ်သားစွာ မထုတ်ပြန်သော်လည်း ဗိုင်းရပ်စ် ကင်းစင်ကြောင်း သက်သေ ခံချက်နှင့် သတ်မှတ်ချက်အတိုင်း အပူချိန်စစ်ဆေးသည့် နေရာများသို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း ဇူလိုင် ၇ရက် နှောင်းပိုင်းတွင် မြို့တော်အရာရှိတစ်ဦးကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြခဲ့သည်။

“အသိပညာပေးခြင်းဖြင့် မိမိဆန္ဒအလျောက် ကာကွယ်ဆေးထိုးခြင်းကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။

ကပ်ရောဂါထိန်းချုပ်ရေးရုံးမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက မြို့တော်အတွင်းနေထိုင်သူများသည် လွန်ခဲ့ သည့် ၇၂ နာရီအတွင်း ရောဂါကင်းရှင်းကြောင်း PCR စစ်ဆေးခြင်းနှင့် အပူချိန်စစ်ဆေးခြင်းတို့ဖြင့် မည်သည့် နေရာကို မဆို ဝင်ရောက်နိုင်ကြောင်း ပြောကြောင်း ဇူလိုင် ၇ရက်နှောင်းပိုင်းက ထုတ်ပြန်ခဲ့သည့် မြို့တော် အစိုးရ၏ အဓိကစာစောင်ဖြစ်သည့် Beijing Daily မှ အတိုချုပ်အမေးအဖြေကဏ္ဍတွင် ဖော်ပြထားသည်။

အားကစားခန်းမ၊ ပြတိုက်နှင့် စာကြည့်တိုက်များအပါအဝင် အများပြည်သူဆိုင်ရာအချို့နေရာများသို့ မဝင် ရောက်မီ လူများသည် လာမည့်သီတင်းပတ်မှစတင်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားကြောင်း အထောက် အထားပြရမည်ဖြစ်ကြောင်း ပေကျင်းမြို့တာဝန်ရှိသူများက ဇူလိုင် ၆ရက်က ကြေညာခဲ့သည်။

ရုတ်တရက် မူဝါဒကြေညာချက်ကြောင့် ဒေသခံများ၏ လူနေမှုဘဝကို များစွာသက်ရောက်စေနိုင်သဖြင့် မြို့နေပြည်သူများက စိုးရိမ်ပြီး ပြင်းထန်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

အွန်လိုင်းနှင့် အပြင်ဘက်တွင် အချို့သူများက မူဝါဒကို ဝေဖန်ကြပြီး ကာကွယ်ဆေးမထိုးထားသူများကို ထိုးခိုင်းခြင်း သို့မဟုတ် အများပြည်သူဆိုင်ရာ နေရာအများအပြားသို့ ဝင်ရောက်ခွင့် ဆုံးရှုံးမည်ကို စိုးရိမ်နေကြ သည်။

အဆိုပါကြေညာချက်သည် ဇူလိုင်လ ၇ရက်တွင် တရုတ်လူမှုကွန်ရက် Weibo တွင် များစွာ ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly