တရုတ်က အနောက်နိုင်ငံများကို ပစ်မှတ်ထားသည့် သူလျှိုစစ်ဆင်ရေးများအတွက် တက္ကသိုလ်ကျောင်းသားများကို ဖြားယောင်း သွေးဆောင်

တရုတ်က အနောက်နိုင်ငံများကို ပစ်မှတ်ထားသည့် သူလျှိုစစ်ဆင်ရေးများအတွက် တက္ကသိုလ်ကျောင်းသားများကို ဖြားယောင်း သွေးဆောင်

တရုတ်သည် အနောက်နိုင်ငံများကို ပစ်မှတ်ထားသော သူလျှိုစစ်ဆင်ရေးအတွက် ရှေ့တန်းမျက်နှာစာအဖြစ် နည်းပညာကုမ္ပဏီများကို ထူထောင်နေသည်ဟု အမေရိကန်လုံခြုံရေးအေဂျင်စီများက စွပ်စွဲပြီးနောက်မှာပင် တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Hainan Xiandun သည် တရုတ်တက္ကသိုလ်ကျောင်းသားများကို အင်္ဂလိပ်ဘာသာပြန်များအဖြစ် အင်တိုက်အားတိုက် ခန့်အပ်လျက်ရှိသည်။

ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ၎င်းတို့ လှုပ်ရှားမှုများကို နှောင့်ယှက်ရန် အားထုတ်သည့် ကျူးလွန်သူများကို စွဲချက်တင်ပြီးသည့်တိုင် တရုတ်နိုင်ငံ၏ ထောက်လှမ်းရေးအေဂျင်စီများနှင့် သံသယဖြစ်ဖွယ်အချိတ်အဆက်များရှိသည့် ဟက်ကာများသည် ဆိုက်ဘာသူလျှိုလုပ်ရန် လူသစ်စုဆောင်းခြင်းအတွက် ကြော်ငြာလျက်ရှိသည်။

နောက်ထပ်လျှို့ဝှက်လှုပ်ရှားမှုတစ်ခုအဖြစ် တရုတ်သည် အနောက်နိုင်ငံပစ်မှတ်များအတွက် အစိုးရကျောထောက်နောက်ခံပြုသည့် သူလျှိုလုပ်ခြင်းကို ကျူးလွန်ရန် အလုပ်ရှာဖွေနေသူများကို ဆွဲဆောင်လျက်ရှိပြီး အစိုးရအေဂျင်စီအမျိုးမျိုးမှ ရရှိထားသည် ခိုးယူထားသော လျှို့ဝှက်စာရွက်စာတမ်းများကို ဘာသာပြန်ခိုင်းသည်။

တရုတ်တက္ကသိုလ်ကျောင်းသားများကို အလုပ်ခန့်ရာတွင် အလုပ်ခန့်ပြီးနောက် လုပ်ဆောင် ရမည့်တာဝန်အမှန်များကို ဖုံးကွယ်ထားသည်ဟု Hong Kong Post ကဖော်ပြသည်။

ကျောင်းသားများသည် ထိပ်တန်းလျှို့ဝှက်ချက်နည်းပညာလုပ်ငန်းများအတွက် ဦးဆောင်လုပ်နေရကာ သူလျှိုလုပ်ရန် ဖြစ်နိုင်ခြေရှိသော အနောက်အုပ်စုများကို ခွဲခြားသတ်မှတ်ခြင်းနှင့် တရုတ်၏ ထောက်လှမ်းရေးယန္တရားတစ်စိတ်တစ်ပိုင်းအဖြစ် ခိုးယူထားသော စာရွက်စာတမ်းများကို ဘာသာပြန်ခြင်းများ လုပ်ဆောင်ပေးနေရသည်။

ဟိုင်နန်၊ စီချွမ်နှင့် ရှီအန်းရှိ အစိုးရကောလိပ်များ၌ အင်္ဂလိပ်စာဘာသာရပ်ကို လေ့လာခဲ့သော ဘွဲ့ရခါ စလူငယ်‌ပေါင်း ၁၄၀ ခန့်သည် ဤအလုပ်အတွက် ဘာသာပြန်များအဖြစ် ပစ်မှတ်ထားခံရသည်။

တရုတ်ဟိုင်နန်ပြည်နယ်တွင် Hainan Xiandun ကုမ္ပဏီအတွက် အလုပ်လျှောက်ကြရာတွင် လျှောက်လွှာ လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်အစိုးရအေဂျင်စီများထံ ရယူထားသည့် လျှို့ဝှက် စာတမ်းများကို အစမ်းဘာသာပြန်ပေးရမှုများလည်း ပါဝင်သည်။ ထို့ပြင် လျှို့ဝှက်အချက် အလက်စုဆောင်း ရေးအတွက် အဓိပစ်မှတ်ဖြစ်သည့် ဂျွန်ဟော့ကင်းစ်တက္ကသိုလ်မှ ဝန်ထမ်းများကို သုသေသနပြုခိုင်းသည့် ညွှန်ကြားချက်များလည်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly