တရုတ်ထုတ်ကုန်များကို အမေရိကန်တားမြစ်မှုက ဘင်္ဂလားဒေ့ရှ်အပေါ် သက်ရောက်မှုရှိ

By Bangladesh Live News
12 July 2022
တရုတ်ထုတ်ကုန်များကို အမေရိကန်တားမြစ်မှုက ဘင်္ဂလားဒေ့ရှ်အပေါ် သက်ရောက်မှုရှိ

အမေရိကန်သည် ဝီဂါများအား အဓမ္မစေခိုင်းမှုကာကွယ်ရေးအက်ဥပဒေအရ ဇွန်လ ၂၁ ရက်မှစ၍ တရုတ်အနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှထုတ်လုပ်သော ကုန်ပစ္စည်းများကို တားမြစ်လိုက်သည်။ 

တားမြစ်ပိတ်ပင်မှုအား ရှင်ကျန်းထုတ်ကုန်အားလုံးအပေါ် လုပ်ဆောင်သော်လည်း ဘင်္ဂလားဒေ့ရှ်အတွက် အဓိက ပြဿနာမှာ အသင့်ချုပ်အထည်ချုပ်လုပ်ငန်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၏ အထည်ချုပ်လုပ်ငန်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် ကမ္ဘာ့ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်ရုန်းကန်နေရချိန်တွင် အမေရိကန်၏တားမြစ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်ငန်းသည် ကုန်ကြမ်းပစ္စည်းများအတွက် တရုတ်ရှင်ကျန်းပြည်နယ်ကို များစွာ မှီခိုနေရ သည်။

ဘင်္ဂလားဒေ့ရှ်အထည်ချုပ်စက်ရုံတွင် အသုံးပြုသော ချည်ထည် ၃၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှဖြစ်သလို တခြားထုတ်ကုန်အများစုနှင့် ဆက်စပ်ပစ္စည်းအများစုသည်လည်း တရုတ်နိုင်ငံမှဖြစ်သည်။

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုသည် နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းအပေါ် အကျပ်အတည်းဖြစ်စေလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်ငန်းရှင်များနှင့် တင်ပို့သူများက ယုံကြည်ထားကြသည်။

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကြောင့် ရှင်ကျန်းပြည်နယ်မှ အထည်များကို အမေရိကန်သို့သာမက ၎င်း၏မဟာမိတ် ဥရောပသို့လည်း တင်ပို့နိုင်တော့မည်မဟုတ်ပေ။

ပြဿနာမှာ ရှင်ကျန်းချည်များကို ဘင်္ဂလားဒေ့ရှ် အနေဖြင့် အသုံးပြုနိုင်တော့မည်မဟုတ်ပေ။ ချည်ထည် သို့မဟုတ် အဝတ်အထည်ဆိုင်ရာ တခြားသောဆက်စပ်ပစ္စည်းများမှာ တခြားနိုင်ငံများတွင် မရရှိပေ။

တရုတ်သည် ဘင်္ဂလားဒေ့ရှ်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိပြီး အချိန်တိုအတွင်းတွင် တရုတ်ထံမှ ကုန်ပစ္စည်းထောက်ပံ့နိုင်သည့် အားသာချက်ရှိသောကြောင့် ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်ငန်းများမှ လုပ်ငန်းရှင်များသည် တရုတ်ကို မှီခိုအားထားနေကြသည်။ အမေရိကန်၏အရေးယူပိတ်ဆို့မှုများကြောင့် ဘင်္ဂလားဒေ့ရှ်လုပ်ငန်းရှင်များလည်း အကျပ်အတည်း တွေ့ပေလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly