တောင်တရုတ်ပင်လယ်တွင် တရုတ်စစ်တပ်၏ ရန်စမှုများ တိုးလာသောကြောင့် ဂျပန်နှင့် သြစတြေးလျ စစ်ရေး အသုံးစရိတ်များ တိုးမြှင့်

တောင်တရုတ်ပင်လယ်တွင် တရုတ်စစ်တပ်၏ ရန်စမှုများ တိုးလာသောကြောင့် ဂျပန်နှင့် သြစတြေးလျ စစ်ရေး အသုံးစရိတ်များ တိုးမြှင့်

တောင်တရုတ်ပင်လယ်တွင် တရုတ်စစ်တပ်၏ ရန်စမှုများ တိုးလာသောကြောင့် ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေး လျနှင့် စင်္ကာပူကဲ့သို့ နိုင်ငံများက တရုတ်၏ ရန်လိုမှုကို တုံ့ပြန်သည့်အနေဖြင့် စစ်ရေး အသုံး စရိတ်များကို တိုးမြှင့် လိုက်သည်။

ဆော်လမွန်ကျွန်းစုနှင့် လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် တရုတ်က ပစိဖိတ်ဒေသတွင် စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်ခဲ့ကြောင်း စင်ကာပူပို့စ်သတင်းတွင် ဖော်ပြထားသည်။

တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များနှင့် လုံခြုံရေးခြိမ်းခြောက်မှုများရှိနေချိန်တွင် ပထဝီဝင်နိုင်ငံရေး တင်းမာမှု များကြောင့် ဂျပန်နှင့် တရုတ်ဆက်ဆံရေး ယိုယွင်းလာခဲ့သည်။

ရှင်ကာကုကျွန်းများ (တရုတ်ဘာသာဖြင့် သရောက်ယွီကျွန်းများ) ကို တရုတ်က တောင်းဆိုခြင်းအပေါ် ဂျပန် ပြည်သူများက မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။

ဂျပန်က ထိန်းချုပ်ထားသည့် လူသူမဲ့ကျွန်းများဖြစ်သည့် ရှင်ကာကုကျွန်းများကို တရုတ်က ကင်းလှည့်ခြင်းက ထိုင်ဝမ်ရေလက်ကြားတွင်လည်း ဆက်လက်အသုံးပြုနေသည့် နည်းဗျူဟာတစ်ခုဖြစ်ကြောင်း ဝါရှင်တန် အခြေ စိုက် Global Strat View အဖွဲ့က ပြောကြားခဲ့သည်။

၂၀၂၁ခုနှစ်တွင် ဂျပန် ရေမိုင် ၂၄ မိုင်ဆက်စပ်ဇုန်အပြင်ဘက်တွင် တရုတ်သင်္ဘော ၇၀ ခန့်ကို တွေ့ရှိခဲ့သည်။

အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် စင်္ကာပူအပါအဝင် နိုင်ငံအများအပြားသည်လည်း တရုတ်၏ ရန်စမှုများလာ နေသဖြင့် ယင်းတို့၏ စစ်ရေးဘတ်ဂျတ်နှင့် အသုံးစရိတ်များကို တိုးမြှင့်လာကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly