တရုတ်တွင် အိုမီခရွန်မျိုးကွဲအသစ်ပထမဆုံးအကြိမ်ကူးစက်မှုဖြစ်ပွားပြီးနောက် လူပေါင်း ၁၃ သန်းနေ ထိုင်ရာ ရှီအန်းမြို့ကို ပိတ်ဆို့ကန့်သတ်

တရုတ်တွင် အိုမီခရွန်မျိုးကွဲအသစ်ပထမဆုံးအကြိမ်ကူးစက်မှုဖြစ်ပွားပြီးနောက် လူပေါင်း ၁၃ သန်းနေ ထိုင်ရာ ရှီအန်းမြို့ကို ပိတ်ဆို့ကန့်သတ်

တရုတ်နိုင်ငံ အိုမီခရွန်မျိုးကွဲအသစ်ပထမဆုံးအကြိမ်ကူးစက်မှုဖြစ်ပွားပြီးနောက်တွင် လူပေါင်း ၁၃ သန်းနေ ထိုင်ရာ ရှီအန်းမြို့တွင် ပိတ်ဆို့ကန့်သတ်မှုများ ချမှတ်ခဲ့သည်။

ဇူလိုင် ၂ ရက်မှ ၄ရက်အတွင်း အိုမီခရွန်မျိုးကွဲ BA.5.2 ကူးစက်ခံရသူ ၁၈ ဦးကို ရှီအန်မြို့တွင် တွေ့ရှိကြောင်း သတင်းပေးပို့ပြီးနောက် ပိတ်ဆို့ကန့်သတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသဆိုင်ရာရောဂါထိန်းချုပ်ရေး အရာရှိများက ပြောကြားခဲ့ကြောင်း CNN က ဖော်ပြခဲ့သည်။

အမေရိကန်တွင် အဖြစ်များသော BA.5 ၏ မျိုးကွဲတစ်မျိုးဖြစ်သော BA.5.2 သည် ယခင်က ကိုဗစ်-၁၉ ကူးစက်ခံ ထားရသူများနှင့် အပြည့်အဝကာကွယ်ဆေးထိုးပြီးသူများနှင့် တတိယအကြိမ်ထိုးပြီးသူများတွင် ပဋိပစ္စည်း တုံ့ပြန်မှုမှ လွတ်ကင်းပုံပေါ်သည်ဟု သုတေသီများကဆိုသည်။

တင်းကျပ်သော ကိုဗစ်ကင်းစင်ရေးမူဝါဒကို ကျင့်သုံးနေဆဲဖြစ်သည့် ကမ္ဘာ့လက်ကျန်နိုင်ငံများထဲမှ တစ်ခုဖြစ် သော တရုတ်တွင် ယင်းမျိုးကွဲကို ပထမဆုံးအကြိမ် တွေ့ရှိခြင်းဖြစ်သည်။

ဇူလိုင်လ ၅ရက်တွင် ရှီအန်းအာဏာပိုင်များက မြို့၏ အစိတ်အပိုင်းများကို ၇ရက်ကြာပိတ်ပစ်မည့် ကြီးမားသော ကန့်သတ်ချက်များကို ကြေညာခဲ့ကြောင်း CNN သတင်းတွင်ဖော်ပြထားသည်။

ဘားများ၊ ရုပ်ရှင်ရုံများ၊ အားကစားရုံများ၊ စာကြည့်တိုက်များနှင့် ပြတိုက်များ အပါအဝင် ဖျော်ဖြေရေး၊ အားက စားနှင့် ယဉ်ကျေးမှုနေရာများကို ပိတ်ထားခဲ့ပြီး မင်္ဂလာဆောင်မှသည် အစည်းအဝေးများအထိ စားသောက် ဆိုင်ကြီးများတွင် လူအများအပြားစုဝေးခြင်းများ၊  ဝတ်ပြုရာနေရာများအားလုံးကို ပိတ်ထားပြီး ဘာသာရေး ဆိုင်ရာ လှုပ်ရှားမှုများကို ပိတ်ပင်ထားကြောင်း မြို့တော်တာဝန်ရှိသူ ကျန်းရွှဲတုန်က ဇူလိုင် ၅ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သူငယ်တန်း၊ မူလတန်းနှင့် အလယ်တန်းကျောင်းများကို နွေရာသီကျောင်းပိတ်ရက် စောစောပိတ်ရန် အမိန့် ထုတ်ပြန်ခဲ့ပြီး တက္ကသိုလ်များက ကျောင်းဝန်းများကို ပိတ်ထားရန် အမိန့်ပေးခဲ့ကြောင်း ကျန်းက ဆိုသည်။

“အန္တရာယ်များသောဧရိယာများ” ဟု သတ်မှတ်ထားသည့် လူနေရပ်ကွက် ၉ ခုကိုလည်း ပိတ်ဆို့ကန့်သတ် ထားပြီး အာဏာပိုင်များက ဒေသခံများအား ၎င်းတို့၏ ရပ်ရွာများမှ ထွက်ခွာခြင်းမပြုရန် တားမြစ်ပိတ်ပင် ထားကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required