အိုမီခရွန်မျိုးကွဲအသစ်က တရုတ်သက်ကြီးရွယ်အိုများအား ခြိမ်းခြောက်နေခြင်းကို အာဏာပိုင်များက လျစ်လျူရှုထား

အိုမီခရွန်မျိုးကွဲအသစ်က တရုတ်သက်ကြီးရွယ်အိုများအား ခြိမ်းခြောက်နေခြင်းကို အာဏာပိုင်များက လျစ်လျူရှုထား

တရုတ်တွင် မကြာသေးမီက အိုမီခရွန်မျိုးကွဲအသစ်ကို တွေ့ရှိခဲ့သော်လည်း သက်ကြီးရွယ် အိုများကို အာဏာပိုင်များက လျစ်လျူရှုထားသည်။

ကိုဗစ်-၁၉ကို ပထမဆုံးတွေ့ရှိခဲ့သည့် တရုတ်နိုင်ငံသည် ရောဂါကူးစက်မှုအသစ်များ မြင့်တက်လာသည်ကို တွေ့မြင်နေရပြီး အာဏာပိုင်များက ကာကွယ်ဆေးထိုးနှုန်းကို ကြိုးပမ်းအရှိန်မြှင့်လျက်ရှိသည်။

ပေကျင်းမြို့တွင် နေထိုင်သူများသည် အများပြည်သူနေရာအားလုံးသို့ ဝင်ရောက်ရန် ၇၂ နာရီအတွင်း ကိုဗစ် လက္ခဏာမရှိကြောင်း ဖော်ပြသည့် ကိုဗစ်စစ်ဆေးမှုသက်သေပြရန် လိုအပ်သည်။

ပေကျင်းမြို့သည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး၊ ပို့ဆောင်ရေးနှင့် အခြားအန္တရာယ်များသောကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသူများသည် ကာကွယ်ဆေးအပြည့်အစုံထိုးရန် လိုအပ်သည်။

ဇန်နဝါရီလအထိ ပေကျင်းမြို့တွင်း နေထိုင်သူ သန်း ၂၀ ကျော်၏ ၉၈ ရာခိုင်နှုန်းကို ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီးဖြစ်ရာတွင် ၁၂ သန်းကို တတိယအကြိမ်ထိုးနှံပြီးဖြစ်ကြောင်း အစိုးရ ထုတ်ပြန်ချက်ကို ကိုးကား၍ CNN က ဖော်ပြခဲ့သည်။

သို့သော် သက်ကြီးရွယ်အိုများတွင် ကာကွယ်ဆေးထိုးနှုန်းက နည်းပါးသေးသည်။ ဧပြီလအထိ ပေကျင်းတွင် နေထိုင်သည့် အသက် ၆၀ ကျော်၏ ၈၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။

တရုတ်တွင် အသက် ၆၀ ကျော် သက်ကြီးရွယ်အို အများအပြားကို ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရသေး သည့်အချက်က ၎င်းတို့သည် စီးပွားရေးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ယူဆသဖြင့် သက်ကြီးရွယ်အို များကို အာဏာပိုင်များက တမင်တကာ ချန်ထားခြင်းဖြစ်နိုင်သည်။

ဆေးရုံကုတင်များနှင့် ဗိုင်းရပ်စ်ပိုးသတ်ဆေးများကဲ့သို့သော ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ အများအပြား ရှိသော်လည်း အသက် ၆၀ ကျော် သက်ကြီးရွယ်အိုအများစုသည် ကာကွယ်ဆေးမထိုးရသေးကြောင်း ဟောင်ကောင်ပို့စ်က အစောပိုင်းတွင် ဖော်ပြခဲ့သည်။

ကာကွယ်ဆေးမထိုးရသေးသော အသက် ၆၀ နှစ်အထက် လူသန်း ၉၀ ကျော်ရှိနေဆဲဖြစ်ကြောင်း ဇွန်လက The Sydney Morning Herald က ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required