တရုတ်တွင် သမိုင်းတစ်လျှောက်အကြီးမားဆုံးဖြစ်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် ၁ ဘီလီယံနီးပါး ပေါက်ကြား

တရုတ်တွင် သမိုင်းတစ်လျှောက်အကြီးမားဆုံးဖြစ်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် ၁ ဘီလီယံနီးပါး ပေါက်ကြား

တရုတ်တွင် တစ်နှစ်ကျော်ကာလအတွင်း ကိုယ်ရေးကိုယ်တာအချက်အလက် ၁ဘီလီယံနီး ပါး အွန်လိုင်းပေါ်တွင် ပေါက်ကြားမှုက သမိုင်းတစ်လျှောက်အကြီးမားဆုံးအဖြစ် မှတ်တမ်းတင်ခဲ့သည်။

အဆိုပါ ပေါက်ကြားမှုသည် သမိုင်းမှတ်တမ်းတွင် အကြီးမားဆုံးဖြစ်နိုင်သည်ဟု ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူများက ပြောကြားသလို အွန်လိုင်းတွင် အထိခိုက်မခံသော ကိုယ်ရေးကိုယ်တာ အချက်အလက် အများအပြားကို စုဆောင်းသိမ်းဆည်းခြင်း၏ အန္တရာယ်များကို ထောက်ပြကာ အထူးသဖြင့် အာဏာပိုင် များက ထိုအချက်အလက်များကို ဝင်ရောက်၍ မစစ်ဆေးဘဲ ကျယ်ပြန့်စွာ သုံးစွဲနိုင်သည့် နိုင်ငံတစ်ခုတွင် ရှိနေကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

' ဒီအခြေအနေဆိုရင် ဒီနေ့ခေတ်မှာ ပြည်သူတွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် ပေါက်ကြားမှု အကြီးမားဆုံး ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ ဒီမှာရှိတဲ့ လူဦးရေအများစုအကြောင်း ပြောနေတာပါ' ဟု မိုက်ခရိုဆော့ဖ်မှ သြစတြေးလျအခြေစိုက် ဒေသဆိုင်ရာ ဒါရိုက်တာ ထရိုဟန့်က ပြောကြားခဲ့သည်။

အွန်လိုင်းအချက်အလက်သိုမှီးရနေရာတွင် တရုတ်နိုင်ငံသား ၁ ဘီလီယံ၏ ကိုယ်ရေးကိုယ်တာအချက် အလက်များပါဝင်ခဲ့ပြီး ပြီးခဲ့သောသီတင်းပတ်က ဟက်ကာဖိုရမ်တစ်ခုတွင် အမည်မသိအသုံးပြုသူတစ်ဦးမှ အချက်အလက်ရောင်းချရန်ကမ်းလှမ်းခဲ့ပြီးနောက် သတိပြုမိခဲ့ကြခြင်းဖြစ်သည်။

အမည်မသိအသုံးပြုသူက ဇွန်လ ၃၀ရက်က ဟက်ကာဖိုရမ်တစ်ခုတွင် ၁၀ ဘစ်ကွိုင် (အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာနှစ်သိန်း) ဖြင့် အချက်အလက် ၂၃ တီရာဘိုက်ကို ရောင်းချမည်ဖြစ်ကြောင်း ကြော်ငြာ ခဲ့သည်။
 
အချက်အလက်များသည် ရှန်ဟိုင်းရဲတပ်ဖွဲ့ထံမှဖြစ်ပြီး အမည်၊ လိပ်စာ၊ မိုဘိုင်းနံပါတ်၊ နိုင်ငံ သားစိစစ်ရေးနံပါတ်များ၊ အသက်အရွယ်၊ မွေးရပ်မြေနှင့် အရပ်ဘက်အငြင်းပွားမှုများနှင့် ရာဇဝတ်မှုများကို အစီရင်ခံရန် ရဲတပ်ဖွဲ့ထံ ဖုန်းခေါ်ဆိုမှု မှတ်တမ်းပေါင်း ဘီလီယံ ပေါင်းများစွာ အပါအဝင် တရုတ်နိုင်ငံသား ၁ ဘီလီယံ၏ အရေးကြီးသော အချက်အလက်များ ပါဝင်သည်ဟု အမည်မသိအသုံးပြုသူက ပြောကြား ခဲ့ကြောင်း CNN က ဖော်ပြခဲ့သည်။

ဒေတာဘေ့စ်၏ ပင်မအညွှန်းကိန်း ၃ခုမှ အချက်အလက် ၇ သိန်းခွဲ နမူနာအား ရောင်းချသူ၏ ပို့စ်တွင် ဖော်ပြခဲ့သည်။

လုံခြုံမှုမရှိသောအဆိုပါ ဒေတာဘေ့စ်ကို တရုတ် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီ ကြီး Alibaba ၏ လုပ်ငန်းခွဲဖြစ်သော Alibaba Cloud မှ လက်ခံဆောင်ရွက်ပေးခဲ့ကြောင်းလည်း ရောင်းချသူက အခိုင်အမာ ပြောကြားခဲ့သည်။

တရုတ်တွင် လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသဖြင့် ဒေတာဖောက်ဖျက်မှုသည် လူဦးရေ၏ ၇၀ ရာခိုင်နှုန်း ကျော်ကို ထိခိုက်စေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly