တမလန်းသစ်များအား နွားလှည်းဖြင့် သယ်ဆောင်သူ ၆ ဦးအား ဖမ်းဆီး

တမလန်းသစ်များအား နွားလှည်းဖြင့် သယ်ဆောင်သူ ၆ ဦးအား ဖမ်းဆီး

မုံရွာ၊ ဖေဖော်ဝါရီ ၁၂ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် တမလန်းသစ်များအား နွားလှည်းဖြင့် သယ်ဆောင်လာသူများအား ဖေဖော်ဝါရီ ၁၁ ရက်က ဖမ်းဆီးခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဗန်းမောက်မြို့နယ် ပေကုန်းရွာအနောက်ဘက် (၁)ဖာလုံ ခန့် အကွာ တောစပ်တွင် နွားလှည်း ၄စီး နှင့် လူ၅ဦးမှ တမလန်းသစ်တုံး ၇တုံးကို နွားလှည်းဖြင့် သယ်ဆောင်လာသည့်အတွက် စစ်ဆေးကြည့်ရာ အဆိုပါ တမလန်းသစ်များ၏ ပိုင်ရှင်မှာ ပေကုန်းရွာနေ အောင်သူဆိုသူဖြစ်ကြောင်း သိရှိရသဖြင့် သွားရောက်ဖမ်းဆီး စစ်ဆေးခဲ့သည်။

ပေကုန်းရွာအနီး တောစပ်တွင်ဝှက်ထားကြောင်း သိရှိရ၍ စစ်ဆေးမှုအရ တမလန်းဓါးရွှေတုံး(၂၀)တုံး နှင့် တမလန်းတိုင်(၂)တိုင်၊အား ထပ်မံတွေ့ရှိခဲ့ရပြီး စုစုပေါင်း တမလန်းဓါးရွှေတုံး ၂၇ တုံး နှင့် တိုင် ၂ တိုင်အား သိမ်းဆည်းရမိပြီး ကာလတန်ဖိုး ၁၁၁,၂၄၀၀ ကျပ် တန်ဖိုးရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly