ပါကစ္စတန်က တရုတ်ထံမှ ငွေချေးခြင်းကို တားမြစ်ရန် IMF ရည်ရွယ်ထား

ပါကစ္စတန်က တရုတ်ထံမှ ငွေချေးခြင်းကို တားမြစ်ရန် IMF ရည်ရွယ်ထား

ပါကစ္စတန်က တရုတ်ထံမှ ငွေချေးခြင်းကို တားမြစ်ရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) က ရည်ရွယ်ထားသည်။

ပါကစ္စတန်-တရုတ်စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းများအတွက် တရုတ်မှ ပါကစ္စတန်ရူပီးငွေ ၇ ဒသမ  ၉ ဘီလီယံကို ရယူမည့် ပါကစ္စတန်၏ အစီအစဉ်သည် ယခုအခါ IMF ၏ အကြံပြုချက်များနှင့် သက်ဆိုင်သလို ရှိနေသည်။

ပြင်ပထောက်ပံ့ငွေများအကူအညီဖြင့် ပါကစ္စတန်၏ စီးပွားရေးကို တွန်းတင်ပေးခြင်းသည် ရေရှည် မတည်တံ့ နိုင်ဘဲ ပါကစ္စတန်သည် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အလွန်အမင်း လိုအပ်နေသည်။

ပါကစ္စတန်၏ တရုတ်ချေးငွေများနှင့် တရုတ်လျှပ်စစ်ဓာတ်အားထုတ်လုပ်သူများ (IPP) ၏ ထင်သလို ကောက် ယူထားသည့် မြင့်မားသော ဈေးနှုန်းများကို IMF က ကို ကန့်ကွက်ခဲ့ပြီး တရုတ်နှင့် စွမ်းအင်သဘော တူညီချက် များကို ပြန်လည်ညှိနှိုင်းရန် အကြံပြုခဲ့သည်ဟု Financial Post က ဖော်ပြခဲ့သည်။
 
ပါကစ္စတန်တွင် လုပ်ကိုင်နေသော တရုတ် IPP အများအပြားကို လျှပ်စစ်ဓာတ်အားခအဖြစ် ပါကစ္စတန် ရူပီးငွေ ဘီလီယံ ၃၅၀ ပေးရန် ရှိနေသည်။

CPEC အရအကောင်အထည်ဖော်သည့် စီမံကိန်းများအတွက် သဘောတူညီချက်များပါ အချက်များကို ပြင်ဆင်ရန် တရုတ်က ငြင်းပယ်ပြီးနောက် IMF ၏ တောင်းဆိုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြည်ထောင်စုဘတ်ဂျက်အသုံးစရိတ် စုစုပေါင်း ဒေါ်လာ ၄၇ ဘီလီယံ၏ ၄၀ ရာခိုင်နှုန်းကျော်ရှိသည့် ဘတ်ဂျက် အသုံးစရိတ် အများစုဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၅ ဘီလီယံကို ကြွေးမြီဝန်ဆောင်မှုအတွက် ခွဲဝေပေးခဲ့ရပြီး ယင်းသည် ၂၀၂၁ခုနှစ်ကထက် ၂၉ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ပါကစ္စတန်စီးပွားရေးသည် ကြီးမားသောလိုငွေပြမှုဖြင့် ယိုယွင်းနေပြီး ငွေကြေးဖောင်းပွမှုမှာ ထိန်းချုပ်မရဖြစ်နေ သဖြင့် နိုင်ငံဒေဝါလီခံရနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required