TikTok အသုံးပြုသူများ၏ အချက်အလက်များရယူနေခြင်းကို စုံစမ်းစစ်ဆေးပေးရန် အမေရိကန် အထက်လွှတ်တော်အမတ်များ တောင်းဆို

TikTok အသုံးပြုသူများ၏ အချက်အလက်များရယူနေခြင်းကို စုံစမ်းစစ်ဆေးပေးရန် အမေရိကန် အထက်လွှတ်တော်အမတ်များ တောင်းဆို

ဗီဒီယိုအတိုလေးများ တင်၍ရသည့် TikTok ကို အမေရိကန် အသုံးပြုသူများနှင့် ပတ်သက်၍ တရုတ် တာဝန်ရှိရှိများက အချက်အလက်များကို ရယူခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးရန် အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ခေါင်းဆောင်များက တောင်းဆိုလိုက်သည်။

TikTok က ကိုယ်ရေး ကိုယ်တာအချက်အလက်များကို မည်ကဲ့သို့ကာကွယ်ထားသည်ကို စိစစ်ရန် ဖက်ဒရယ်ကုန်သွယ်မှုကော်မရှင် (FTC) ဥက္ကဋ္ဌ လီနာခန်ထံသို့ ပေးစာတွင် ဒီမိုကရက်တစ် အထက် လွှတ်တော်အမတ် မတ်ခ်ဝါနာနှင့် ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် မာကိုရာ ဘီယိုတို့က တိုက်တွန်းထားသည်။

'၂၀၂၁ခုနှစ် အောက်တိုဘာလတွင် ကျမ်းသစ္စာကျိန်ဆိုမှုအပါအဝင် ပြည်သူ့ကိုယ်စားလှယ် အများအပြားကို ဆန့်ကျင်၍ တရုတ်(PRC) မှ လူပုဂ္ဂိုလ်များက အမေရိကန်သုံးစွဲသူများ၏ အချက်အလက်များ ရယူနေကြောင်း ပြည်သူများ၏ ပြောကြားချက်များကို တုံ့ပြန်ရေးသားထားသည်' ဟု FTC ဥက္ကဋ္ဌထံ ပေးစာတစ်စောင်၌ အထက်လွှတ်တော် အမတ်များက ရေးသားခဲ့သည်။

တရုတ်အခြေစိုက် အင်တာနက်ကုမ္ပဏီကြီး ByteDance မှ ဝန်ထမ်းများသည် ဇွန်လအတွင်း အမေရိကန် ဈေးကွက်ရှိ TikTok အသုံးပြုသူများ၏ အချက်အလက်များကို အကြိမ်ကြိမ် ရယူနေကြောင်း BuzzFeed News က ဖော်ပြပြီးနောက် အဆိုပါစာကို ရေးသားခဲ့ခြင်းဖြစ်သည်ဟု The New York Post က ဖော်ပြခဲ့သည်။

''ဒီအစီရင်ခံစာသစ်အရ TikTok ၏ လိမ်လည်လှည့်ဖြားမှုအပေါ် အခြေခံပြီး ပုဒ်မ ၅ အရ အေဂျင်စီက ချက်ချင်း စုံစမ်းစစ်ဆေးရန် တောင်းဆိုလိုက်ပြီး ယင်းကို အမေရိကန်တရားရေးဌာနက စတင် လုပ်ဆောင် နိုင်သည့် အမျိုးသားလုံခြုံရေး သို့မဟုတ် တန်ပြန်ထောက်လှမ်းရေး စုံစမ်းစစ်ဆေးမှုတစ်ခု ခုဖြင့် ညှိနှိုင်း ဆောင်ရွက်ရန် တောင်းဆိုလိုက်သည်” ဟု အဆိုပါစာတွင် ဖော်ပြထားသည်။

TikTok က ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ အမြဲတမ်း ခုခံကာကွယ်ခဲ့သည်။ ၁၅ စက္ကန့်ကြာ ဗီဒီယို ပလပ်ဖောင်းက ယင်း၏ မိခင်ကုမ္ပဏီဖြစ်သည့် တရုတ်အုပ်စု ByteDance ၏ဝန်ထမ်းများအပါအဝင် အမေရိ ကန်ပြင်ပမှ သုံးစွဲသူများ၏ အချက်အလက်များကို ဝင်ရောက်ကြည့်ရှုခွင့်ကို ကန့်သတ်ရေးအတွက် လိုအပ်သော ခြေလှမ်းများအားလုံးကို လုပ်ဆောင်နေကြောင်း အမေရိကန်လွှတ်တော်အမတ်များကို ပြောကြားထားသည်။

အစောပိုင်းက ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ၉ ဦးထံ လိပ်မူထားသော စာတစ်စောင်တွင် TikTok အမှုဆောင်အရာရှိချုပ် စိုကျီချောက အမေရိကန် Cloud ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Oracle က ထိန်းချုပ် ထားသော ဆာဗာများမှတဆင့် အက်ပ်လီကေးရှင်းအား ကုမ္ပဏီက မည်သို့လုပ်ဆောင်မည်ကို ရှင်းပြခဲ့သည်။

TikTok ၏ဆာဗာများတွင်မဟုတ်ဘဲ အမေရိကန် အသုံးပြုသူများ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို Oracle တွင်သိမ်းဆည်းမည့် အစီအစဉ်ကိုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly