PDF များကို ဂရုမစိုက်ဟု လူမှုကွန်ရက်တွင် Live လွင့် ခြိမ်းခြောက်ခဲ့သည့် ကလေးမြို့မှ ဒလန်နှင့် ဇနီးဖြစ်သူ အသတ်ခံရ

11 July 2022
PDF များကို ဂရုမစိုက်ဟု လူမှုကွန်ရက်တွင် Live လွင့် ခြိမ်းခြောက်ခဲ့သည့် ကလေးမြို့မှ ဒလန်နှင့် ဇနီးဖြစ်သူ အသတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် စစ်ကောင်စီကိုထောက်ခံပြီး PDF များကို လူမှုကွန်ရက်တွင် Live လွှင့်ပြီး ဂရုမစိုက်ဟုစိန်ခေါ်သည့် မှုခင်းသတင်းထောက်အမည်ခံ ရဲသတင်းပေး စိန်လင်းနှင့်ဇနီးဖြစ် သူတို့ သေနတ်ဖြင့် ခုနစ်ချက်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

မှုခင်းသတင်းထောက်အမည်ခံ စိန်လင်းနှင့်ဇနီးဖြစ်သူတို့ ကလေးမြို့ ရနံ့သစ်လက်ဖက်ရည်ဆိုင်၌ စား သောက်နေစဉ် ယနေ့ဇူလိုင်လ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ကလေးမြို့ မြို့ပြပြောက်ကျား UGF က ဝင်ရောက်ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်။

“ အခုသေတဲ့ လင်မယားနှစ်ယောက်လုံးက ကလေးမြို့ရဲ့အကြီးဆုံး ဒလန်တွေ။ PDF ရော NUG လာခဲ့ _ဂရုစိုက်ပြီး ကြောက်ရမလားဆိုပြီး Live လွှင့်ပြီး စိန်ခေါ်တယ်။ သူတို့သတင်းပေးမှုကြောင့် ဒုက္ခရောက် တဲ့သူတွေ အများကြီး။ သူတို့ကို ရှင်းဖို့ချောင်းနေတာ ကြာတော့ကြာပြီ။ ကျွန်တော်တို့ဘက်က သေချာ အောင် စုံစမ်းရတဲ့အပိုင်းတွေရှိတယ်။ လုံး၀ အချက်အလက်စုံပြီဆိုတာနဲ့ သေချာပြီဆိုတာနဲ့ ဒီနေ့ပဲ ရှင်း လိုက်တာပါ။ ကျွန်တော်တို့က သူစိန်ခေါ်ခဲ့တဲ့အတိုင်း “ဟေ့ရောင်”ဆိုပြီး နှစ်ယောက်လုံးကို ပစ်သတ်ခဲ့ တာ” ဟု ကလေးမြို့ပြပြောက်ကျားအဖွဲ့ KUG မှ ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ပစ်သတ်ခံရသည့် စိန်လင်းဆိုသူမှာ စစ်တပ်ကိုထောက်ခံ၍ သတ်မည်ဆိုလျှင် အချိန်မရွေးသတ်ရန်၊ PDF ကိုမကြောက်၍ စစ်တပ်ထောက်ခံသော သတင်းများကိုသာရေးကြောင်း Live လွှင့် စိန်ခေါ်ထားပြီး ၎င်းတို့ ဇနီးမောင်နှံ၏သတင်းပေးမှုကြာင့် ဒုက္ခရောက်ရသူများကြောင်း ကလေးမြို့ပြပြောက်ကျားအဖွဲ့ KUG က ရဲဘော်က ဆိုသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ကလေးမြို့

#မှုခင်းသတင်းထောက်အမည်ခံ

#ရဲသတင်းပေး

#ဒလန်

#ကလေးမြို့ပြပြောက်ကျားအဖွဲ့KUG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly