တရုတ်က အမေရိကန်နှင့်ကနေဒါစီးပွားရေးများကို ပစ်မှတ်ထားကာ လူမှုမီဒီယာအကောင့်တုများဖြင့် ဝါဒဖြန့်

တရုတ်က အမေရိကန်နှင့်ကနေဒါစီးပွားရေးများကို ပစ်မှတ်ထားကာ လူမှုမီဒီယာအကောင့်တုများဖြင့် ဝါဒဖြန့်

တရုတ်သည် မြန်မာနိုင်ငံမှ ရှားပါးမြေသတ္တုများကို အမြတ်ထုတ်နေခြင်းအား ကမ္ဘာ့နိုင်ငံများအာရုံမစိုက်မိအောင် လုပ်ဆောင်သည့်ဗျူဟာအဖြစ် အမေရိကန်နှင့်ကနေဒါအကြောင်း သတင်းမှားများဖြန့်သည့် လှုပ်ရှားမှုကို အတင့်ရဲစွာလုပ်ဆောင်နေသလို သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်ယူမှုကင်းမဲ့ကြောင်း စွပ်စွဲလျက် ထိုနိုင်ငံများ၏ စီးပွားရေးများကို ပစ်မှတ်ထားလျက်ရှိသည်။

အမေရိကန်သည် ၂၀၀၈ ခုနှစ်မတိုင်မီက ရှားပါးမြေသတ္တုများ ထုတ်လုပ်ရောင်းချရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ရှားပါးမြေသတ္တုများသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းအတွက် အလွန်အရေးကြီးသည်။ ဘိုင်ဒင်သည် အမေရိကန်အခြေခံအဆောက်အအုံနှင့် စ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်း နယ်ပယ်ကို အဆင့်မြှင့်တင်ရန် အမေရိကန်ဒေါ်လာ ၂ ထရီလီယံ အစီအစဉ်ကိုလည်း ထုတ်ပြန်ခဲ့သည်။

အမေရိကန်ကာကွယ်ရေးဌာနသည် ရှားပါးမြေသတ္တုများ ပြည်တွင်းတွင် အဆင့်ဆင့်ထုတ်လုပ်နိုင်ရေးအတွက် ဩစတြေးလျရှိ ရှားပါးမြေသတ္တုများ
တူးဖော်ခြင်းနှင့်ထုတ်လုပ်ရေးအကြီးဆုံးကုမ္ပဏီ Lynas Rare Earths Ltd နှင့် စာချုပ် ချုပ်ဆိုခဲ့သည်။

တရုတ်က ယင်းအား ရှားပါးမြေသတ္တုများ ဈေးကွက်တွင် တရုတ်ကြီးစိုးမှုကို လွှမ်းမိုးရန် အမေရိကန်၏ ကြိုးပမ်း မှုဟု ရှုမြင်ခဲ့သည်။ တရုတ်သည် လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့် ကနေဒါတို့တွင် 'Dragonbridge' ဟူသော အမည်ဖြင့် ဗြောင်ကျလှသော သတင်းအမှားဖြန့်လှုပ်ရှားမှုကို စတင်ခဲ့သည်။

ယင်းလှုပ်ရှားမှုသည် ဖေ့စ်ဘွတ်နှင့်တွစ်တာအကောင့်များဖြင့် Lynas Rare Earths Ltd ကုမ္ပဏီအား တိုက်ခိုက်ခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် အလွတ်တန်းမီဒီယာအဖွဲ့ Global Strat View က တင်ပြခဲ့သည်။

အဆိုပါအဖွဲ့သည် အမေရိကန်သမ္မတဘိုင်ဒင်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုဆိုင်ရာအက်ဥပဒေ၊ အမေရိကန်မြေရှားသတ္တု၊ ဟောင်ကောင်၌ အစိုးရဆန့်ကျင်သောဆန္ဒပြမှုအပေါ် အတိုက်အခံလုပ်ခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အမေရိကန်နိုင်ငံရေးတို့နှင့်ပတ်သက်ပြီး ဆန့်ကျင်ဝါဒဖြန့်မှုကိုလုပ်ဆောင်ရာတွင် ပါဝင်ပတ်သက်သည်ဟု ပညာရှင်များစွာက ယူဆကြသည်။

တရုတ်သည် ဝါဒဖြန့်ရေးအတွက် အမေရိကန်တင်မကဘဲ ကနေဒါကိုပါ ပစ်မှတ်ထားနေသည်။

ကနေဒါသည် ၂၀၁၉ ခုနှစ်က ကနေဒါဆောင်းရာသီစစ်ပွဲလေ့ကျင့်မှုကို လေ့လာလိုသော တရုတ်စစ်သားများ၏ တောင်းဆိုမှုကို ပယ်ချလိုက်သဖြင့် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ဗျူရိုကရေစီရှိ တရုတ်လိုလားသော အုပ်စုများသည် အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ဝေဖန်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly