ရှင်ကျန်းတွင် တရုတ်၏ရက်စက်ကြမ်းကြုတ်မှုများအပေါ် တူရကီမှ ဝီဂါအခွင့်အရေးတက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

ရှင်ကျန်းတွင် တရုတ်၏ရက်စက်ကြမ်းကြုတ်မှုများအပေါ် တူရကီမှ ဝီဂါအခွင့်အရေးတက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

အပြည်ပြည်ဆိုင်ရာအရှေ့တာကစ္စတန် အင်န်ဂျီအိုများသမဂ္ဂနှင့် Uyghur Academy Foundation တို့သည် ရှင်ကျန်းရှိ ဝီဂါအသိုင်းအဝိုင်းအပေါ် တရုတ်နိုင်ငံ၏ ရက်စက်ကြမ်းကြုတ်မှုများကို ထုတ်ဖော်သည့် ဆန္ဒပြပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။

ဇူလိုင် ၅ ရက်ကပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲသို့ Good Party ဥက္ကဋ္ဌ ရစ်ဗန်အုနှင့် Future Party ဒု-ဥက္ကဋ္ဌ ဟက်ဗာဒီအော်တူစသည့် တူရကီနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

အဆိုပါဆန္ဒပြပွဲသည်၂၀၀၉ ခုနှစ်ကဖြစ်ပွားခဲ့သော အူရမ်ကီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် တရုတ်အစိုးရအပေါ် မကျေနပ်ကြောင်း အန်ကာရာမြို့ အူလူရင်ပြင်၌ ဆန္ဒထုတ်ဖော်ပြသခဲ့ရာတွင် လူပေါင်း ၁၅၀ ကျော်တက်ရောက်ခဲ့သည်။

တူရကီနိုင်ငံ ကေစီရီမြို့မှ ဝီဂါတက်ကြွလှုပ်ရှားသူ ဟေရူလာအီဖန်ဒီက ဝီဂါများအပေါ် တရုတ်၏ ရက်စက် ကြမ်းကြုတ်မှုများကို ရှုတ်ချရာတွင် အတူရပ်တည်ကြသည့် တူရကီမှ နိုင်ငံရေးပါတီများ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောသည်။

အစောပိုင်းကလည်း အစ္စလာမ်ပညာရှင်များနှင့် အတတ်ပညာရှင်များသည် ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုကို သိရှိစေရန်နှင့် တရုတ်ကွန်မြူနစ်ပါတီနှင့်၎င်းတို့၏ တိုက်ပွဲကို ထောက်ခံရန် ဇွန်လအလယ်က နိုင်ငံတကာ ညီလာခံကျင်းပခဲ့သည်။

ဝီဂါလူမျိုးများသည် လူနည်းစုမွတ်စလင်များကြီးစိုးသော တာကစ်တိုင်းရင်းသားများဖြစ်ပြီး ၎င်းတို့ ဇာစ်မြစ်များကို အလယ်နှင့်အရှေ့အာရှတွင် ခြေရာခံနိုင်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း ရှင်ကျန်းတွင် စီးပွားရေးသာယာဝပြောလာပြီး ဟန်တရုတ်လူမျိုးများ အများအပြားရောက်ရှိလာကာ ပိုမိုကောင်းမွန်သောအလုပ်အကိုင်များကို လက်ဝါးကြီးအုပ်သဖြင့် ဝီဂါများသည် ၎င်းတို့၏ လူနေထိုင်မှုဘဝနှင့် ကိုယ်ပိုင်လက္ခဏာများ ခြိမ်းခြောက်ခံနေရသည်ဟု ခံစားလာရသည်။

ထို့ကြောင့်ပင် အကြမ်းဖက်မှုများ မကြာခဏဖြစ်ပွားလာပြီး ၂၀၀၉ ခုနှစ်တွင် မြို့တော် အူရမ်ကီ၌ အဓိကရုဏ်း ဖြစ်ခဲ့ကာ လူ ၂၀၀ ကျော်သေဆုံးခဲ့ပြီး အများစုမှာ ဟန်တရုတ်များဖြစ်သည်။

တရုတ်အစိုးရသည် ၂၀၁၆ ခုနှစ်မှစ၍ ဝီဂါမွတ်စလင် ၁ သန်းကျော်ကို ရှင်ကျန်းရှိ ပြန်လည် ပညာပေးရေး စခန်းများတွင် ထိန်းသိမ်းခဲ့သည်။ အဆိုပါ ပညာပေးရေးစခန်းများ၏ အဓိကရည်ရွယ်ချက်မှာ တရုတ်ကွန်မြူနစ် ပါတီ၏ အတွေးအမြင်များကို လက်ခံလာစေရန်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required