တရုတ်က ခရီးသွား လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ခြင်းဖြင့် နီပေါတွင် တရားမဝင် စီးပွားရေး လုပ်ကိုင်နေ

တရုတ်က ခရီးသွား လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ခြင်းဖြင့် နီပေါတွင် တရားမဝင် စီးပွားရေး လုပ်ကိုင်နေ

ဟိမဝန္တာဒေသ နီပေါ နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စက်မှုလုပ်ငန်းကို ဆိုးရွားစွာ ထိခိုက်ခဲ့သော်လည်း တရုတ်ရင်းနှီးမြှုပ်နှံသူများက နီပေါ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍကို ပိုမိုမျက်စိကျလာသည်။

တရုတ်တို့၏ လျှို့ဝှက်စွာ ပါဝင်ပတ်သက်မှုက ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ သံသယ ဖြစ်စရာ ရှိနေသည်။

ခတ္တမန္ဒူ၊ လာလတ်ပါ၊ ဘာခတ်ပါ၊ ကာစီနှင့် ချစ်ဝမ် စသည့် ခရီးသွားအချက်အချာကျသော နေရာများ၌ ဟိုတယ်နှင့် စားသောက်ဆိုင် ၄၀ဝ ကျော်တွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံထားကြောင်း Khabar Hub က ဖော်ပြခဲ့သည်။

ပိုခါရာတစ်ခုတည်းတွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များသည် စားသောက်ဆိုင် ၅၀ ကျော်နှင့် အခြားစီးပွားရေး လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံထားသည်။

နီပေါဟိုတယ်လုပ်ငန်းရှင်များအသင်း (HAN) မှ တာဝန်ရှိသူများက နီပေါအစိုးရထံ အခွန်မဆောင်ခြင်းနှင့် လိုချင်သောအခန်းများကို အွန်လိုင်းစနစ်ဖြင့် ငွေပေးချေမှုများ ပြုလုပ်နေခြင်းစသည့် တရုတ်၏ စီးပွားရေး လုပ်ကိုင်နေပုံမျိုးသည် ခရီးသွား လုပ်ငန်း၏ ပြဿနာများကို ပိုဆိုးလာစေသည်ဟု Khabar Hub က ဖော်ပြခဲ့သည်။

WeChat မှတစ်ဆင့် ပြုလုပ်သော ငွေလွှဲမှုများနှင့် Ali Pay တို့သည် ပွင့်လင်းမြင်သာမှု မရှိကြောင်း သတင်းက ဆိုသည်။

နီပေါ၏ အလားအလာနည်းသော ဒေသများတွင် တရုတ်က အသေးစားစီမံကိန်းများပြုလုပ်ခြင်းဖြင့် ရင်းနှီး မြှုပ်နှံမှုတိုးလာပုံရသည်။

နီပေါသည် တရုတ်၏ များပြားသော ရင်းနှီးမြှုပ်နှံမှုနောက်ကွယ်မှ တရုတ်၏ ရည်ရွယ်ချက်ကို သတိထား ရမည်ဖြစ်သည်။ ယခုအခါ နီပေါတွင် တရုတ်ခရီးသွားများ ၁၅ ရာခိုင်နှုန်းကျော်ရှိကြောင်း ခရီးသွားလုပ်ငန်း ရှင်များက ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly