အိန္ဒိယစစ်သင်္ဘောနှင့် စစ်လေယာဉ်တို့ ပစိဖိတ်ဒေသ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်

အိန္ဒိယစစ်သင်္ဘောနှင့် စစ်လေယာဉ်တို့ ပစိဖိတ်ဒေသ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်

အိန္ဒိယ စစ်သင်္ဘော INS Satpura နှင့် P8I LRMRASW စစ်လေယာဉ်တို့သည် ဟာဝိုင်အီကျွန်း ပုလဲဆိပ်ကမ်းတွင် ကျင်းပမည့် ပစိဖိတ်ရပ်ဝန်းဖျား စစ်ရေးလေ့ကျင့်မှု (RIMPAC) ဖြစ်သည့် အကြီးဆုံး ရေတပ်စစ်ရေး လေ့ကျင့်မှု တစ်ခုတွင် ပါဝင်လေ့ကျင့်ကြမည်ဖြစ်သည်။

‌အဆိုပါ စစ်ရေးလေ့ကျင့်မှုအား ဇူလိုင် ၁၂ ရက်မှစတင်ကာ ပိတ်ပွဲအစီအစဉ်အား ဩဂုတ် ၄ ရက်တွင် ပြုလုပ်သွား မည်ဖြစ်သည်။

‌စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် INS Satpura စစ်သင်္ဘောသည် ဇွန်၂၇ ရက်တွင်လည်းကောင်း၊ P8I စစ်လေယာဉ်သည် ဇူလိုင် ၂ ရက်တွင်လည်းကောင်း ဟာဝိုင်အီသို့ အသီးသီး ရောက်ရှိခဲ့ကြသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုနှင့်အတူ ဆွေးနွေးပွဲအစီအစဉ်များနှင့် အားကစားပြိုင်ပွဲများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

‌ထို့ပြင် တပ်ဖွဲ့ဝင်များသည် သမိုင်းဝင် ပြတိုက်သင်္ဘောကြီး USS Missouri သို့ သွားရောက်လေ့လာခဲ့ကြသလို ဒုတိယကမ္ဘာစစ်အတွင်းက မြင့်မြတ်စွာ စွန့်လွှတ်စွန့်စားသွားသည့် ကျဆုံးစစ်သည်များအား USS Arizona Memorial တွင် သွားရောက် ဂါရဝပြုခဲ့ကြသည်။

ယခုပြုလုပ်လျက်ရှိသည့် ဘက်စုံစစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ စစ်သည်ပေါင်း ၂၅၀၀၀ ကျော်က စစ်သင်္ဘော၃၈ စင်း၊ မြေပြင်တပ်ဖွဲ့များ၊ လူမဲ့ စနစ် ၃၁ မျိုး၊ စစ်လေယာဉ် အစင်း ၁၇၀ တို့နှင့်အတူ ပါဝင်လေ့ကျင့်ကြမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required