အာဖရိကရှိ တရုတ်ချေးငွေများ၏သက်ရောက်မှုက သိမြင်ထားသည်ထက် ပိုမိုရှုပ်ထွေးနေ

အာဖရိကရှိ တရုတ်ချေးငွေများ၏သက်ရောက်မှုက သိမြင်ထားသည်ထက် ပိုမိုရှုပ်ထွေးနေ

အာဖရိကရှိတရုတ်ချေးငွေများ၏ အကျိုးသက်ရောက်မှုသည် သိမြင်ထားသည်ထက် ပိုမိုရှုပ်ထွေးနေသည်။

တရုတ်ချေးငွေများသည် အာဖရိကတွင် အကြွေးထောင်ချောက်ကို ဖန်တီးခဲ့ကြောင်းနှင့် တရုတ်သည် အာဖရိက နိုင်ငံရေးအခင်းအကျင်းကို မဟာဗျူဟာကျကျ ထိုးဖောက်ဝင်ရောက်ရန် ကြွေးမြီထောင်ချောက်ကို အရှိန်ရအောင် လုပ်နေသည်ဟု ပညာရှင်အချို့က အွန်လိုင်းသုတေသနဂျာနယ် IJSER တွင် ဖော်ပြခဲ့သည်။

တရုတ်အပေါ် အာဖရိက၏ ကြွေးမြီသည် မြင့်တက်လျက်ရှိပြီး နှစ်စဉ် အခြေခံအဆောက်အအုံဆိုင်ရာ ဘဏ္ဍာရေး လိုငွေ အမေရိကန်ဒေါ်လာ ၉၃ ဘီလီယံကျော် ရှိသည်။

SAIS-CARI သုတေသီများ၏အဆိုအရ တရုတ်မြီရှင်များသည် ၂၀၀၀ နှင့် ၂၀၁၉ ခုနှစ်အကြားတွင် အာဖရိက၏ အစိုးရကဏ္ဍချေးငှားသူများထံ အမေရိကန်ဒေါ်လာ ၁၅၃ ဘီလီယံကျော် ပေးအပ်ခဲ့ပြီး အကြွေးများမှာ ဆက်လက်မြင့်တက်ဖွယ်ရှိနေသည်။

အာဖရိကအတွက်တရုတ်ချေးငွေများသည် ပြည်ပတွင် အလုပ်လုပ်သော တရုတ်နိုင်ငံသားများနှင့် ကန်ထရိုက်တာများအတွက် စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို အဓိက ပံ့ပိုးပေးနေသည်ဟု အငြင်းပွားမှုများ ရှိနေသည်။

တရုတ်နိုင်ငံသည် ချေးငွေအများစုကို အာဖရိကရှိ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် ချမှတ်ပေးသောကြောင့် ယင်းကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်သည်။ ထို့ကြောင့် တရုတ်သည် တစ်ဖက်က ငွေကြေးထောက်ပံ့နေသလို အခြားတစ်ဖက်ဖြင့် ပြန်လည်ရယူနေသလိုဖြစ်သည်။

ထို့ပြင် အာဖရိကအတွက် တရုတ်ချေးငွေအများစုသည် အာဖရိကမှ သဘာဝအရင်းအမြစ်များ ရယူရန် ရည်ရွယ်ချက်ဖြင့် ကမ်းလှမ်းခြင်းဖြစ်သည်။

တရုတ်သည် ၎င်းနိုင်ငံ၏ သတ္တုနှင့် ရေနံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အာဖရိကသို့ တပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားခဲ့သည်။ ဥပမာ ကော်ဒိုဖန်ဒေသရှိ ရေနံတွင်းများ တိုက်ခိုက်ခံရမည့်ဆဲဆဲတွင် တရုတ်က ရေနံမြေနှင့် ၎င်းတို့ စီးပွားရေးအကျိုးစီးပွားများကို ကာကွယ်ရန် စစ်သားများကို လုံခြုံရေးချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly