ထိုင်ဝမ်ကို တရုတ်ကျူးကျော်မှုမဖြစ်စေရေးအတွက် သံတမန်နည်းအရ အဖြေရှာရန် နယူးဇီလန်ဝန်ကြီးချုပ် တိုက်တွန်း

ထိုင်ဝမ်ကို တရုတ်ကျူးကျော်မှုမဖြစ်စေရေးအတွက် သံတမန်နည်းအရ အဖြေရှာရန် နယူးဇီလန်ဝန်ကြီးချုပ် တိုက်တွန်း

ထိုင်ဝမ်ကို တရုတ်က သိမ်းယူမှုကို တားဆီးရာတွင် နယူးဇီလန်ဝန်ကြီးချုပ် ဂျစီဒါအာဒန်က အင်ဒို-ပစိဖိတ် ဒေသ အတွက် ယူကရိန်းစစ်ပွဲမှ သင်ခန်းစာယူစရာများရှိကြောင်းနှင့် သံခင်းတမန်ခင်းနှင့် ဆွေးနွေးမှုသည် ပဋိပက္ခကို တားဆီးရန် အဓိကသော့ချက်ဖြစ်ကြောင်း ပြောကြားသည်။

လန်ဒန်မြို့ရှိ မူဝါဒရေးရာအကြံပေးအဖွဲ့ ချက်တန်ဟောက်သို့ သူမ၏ နိုင်ငံခြားရေး မူဝါဒ ချဉ်းကပ်ပုံကို အကြမ်းဖျင်း ပြောကြားစဉ် ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ကြောင်း Sydney Morning Herald က ဖော်ပြခဲ့သည်။

ရုရှား၏ ယူကရိန်းကို ကျူးကျော်မှုသည် ထိုင်ဝမ်နှင့် ပတ်သက်ပြီး တရုတ်၏ ရည်ရွယ်ချက်ကို မျဉ်းပြိုင်ဆွဲနိုင် ကြောင်း သတိပေးခဲ့သည့် ဩစတြေးလျနှင့် ဗြိတိန်တို့၏ အလားတူ ခံစားချက်များကို ဝန်ကြီးချုပ် အာဒန်၏ မှတ်ချက်များက ပဲ့တင်ထပ်နေသည်။

သြစတြေးလျဝန်ကြီးချုပ် အန်ထော်နီအယ်လ်ဘန်နီးစ်ကဲ့သို့ပင် အာဒန်သည်လည်း မက်ဒရစ်မြို့တွင် ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသည်။

နယူးဇီလန်သည် ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်းရှိ ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး ထိုင်ဝမ်ကို တရုတ် ကျူး ကျာ်မှုအား တားဆီးရန် သံတမန်ရေးအရ ပျက်ကွက်ပါက နယူးဇီလန်က မည်ကဲ့သို့ လုပ်ဆောင်မည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သော်လည်း ၎င်း၏ စကားများက အလေးထားရမည့် သတိပေးချက်ဖြစ်ကြောင်း သိသာထင်ရှား လှသည်။
 
ဒေသတွင်းနိုင်ငံများက တရုတ်ဆန့်ကျင်ရေးမည်သို့ လုပ်ဆောင်မည်ကို ပြောကြားခြင်းမပြုခဲ့သော်လည်း ယူကရိန်းကို ကျူးကျော်မှုမှ ရရှိသည့် သင်ခန်းစာမှာ အင်ဒို-ပစိဖိတ်ဒေသအတွက် စစ်ပွဲသည် မည်သည့်အခါမှ အဖြေမဟုတ်ကြောင်း အာဒန်က ပြောကြားခဲ့သည်။

'သံခင်းတမန်ခင်း၊ သံခင်းတမန်ခင်း၊ သံခင်းတမန်ခင်းက မအောင်မြင်ရင်တောင်၊ တွေ့ဆုံဆွေးနွေးရေးနဲ့ သံခင်းတမန်ခင်းက မယုံနိုင်လောက်အောင် အရေးကြီးပါတယ်' ဟု အာဒန်က St James ရှိ ပညာရှင်ရုံးချုပ် တွင်ပြုလုပ်သည့် တွေ့ဆုံစုဝေးပွဲတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required