တရုတ်အစိုးရက အမျိုးသမီးများအခွင့်အရေးကို ကာကွယ်ရန် ဆက်လက်ပျက်ကွက်နေ

တရုတ်အစိုးရက အမျိုးသမီးများအခွင့်အရေးကို ကာကွယ်ရန် ဆက်လက်ပျက်ကွက်နေ

တရုတ်ကွန်မြူနစ်ပါတီ (CCP) တည်ထောင်သည့် နှစ်တစ်ရာပြည့်မြောက်သည့်တိုင် တရုတ်တွင် အမျိုးသမီး အခွင့်အရေးကို မပေးနိုင်သေးဘဲ အမျိုးသားများကြီးစိုးသည့် တရုတ်တွင် အမျိုးသမီးများသည် အရန်အခန်း ကဏ္ဍမှ ဆက်လက်ပါဝင်နေရသည်။

၂၀၂၂ခုနှစ် ဇန်နဝါရီလအတွင်းက အိမ်ပြင်ရှိ တဲတစ်ခုတွင် လည်ပင်းတွင် သံကြိုးဖြင့် ချည်နှောင်ထားသည့် ၈ နှစ်အရွယ် ကလေးမိခင်တရုတ် အမျိုးသမီးတစ်ဦးကို ပြသသည့် တုန်လှုပ်ချောက်ချားစရာ ဗီဒီယိုဖိုင်ကြောင့် အမျိုးသမီးများအပေါ် ပြုမူဆက်ဆံပုံနှင့် ပတ်သက်၍ ဒေါသထွက်ခဲ့ကြသည်ဟု New York Post က ဖော်ပြခဲ့သည်။

အဆိုပါအမျိုးသမီး၏ အဖြစ်အပျက်သည် လူသိရှင်ကြားဖြစ်ပေါ်လာပြီးနောက် ဒေသဆိုင်ရာ တရုတ်အစိုးရက ဖြစ်ရပ်နှင့်ဆန့်ကျင်ဘက်ဖြစ်သော ကြေညာချက် ၅ စောင်ကို ထုတ်ပြန်၍ ရွာကို အမြန်ပိတ်ဆို့ကာ၊ ဝေဖန်မှုများ ကို တားမြစ်ခဲ့ပြီး အမှန်တရားကို ရှာဖွေရန် ကြိုးစားသည့် အင်တာနက်သုံးစွဲသူများကို ဖမ်းဆီးခဲ့ သည်။

ထို့ပြင် သံကြိုးဆွဲခံထားရသော အမျိုးသမီးသည် လွတ်မြောက်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ သတင်း အချက်အလက် မရသေးပေ။

ဇွန်လက တရုတ်နိုင်ငံ၊ ထန်ရှန်းမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင် အပြင်ဘက်တွင် အမျိုးသမီးတစ်စုကို မကြာ သေးမီက တိုက်ခိုက်မှုသည် နိုင်ငံတစ်ဝန်းရှိ အမျိုးသမီးများ၏ သနားစရာကောင်းသော အခြေအနေကို ထပ်မံမီးမောင်းထိုးပြခဲ့ကြောင်း မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

ဇွန်လ ၁၀ ရက်က အသားကင်စားသောက်ဆိုင်၏ ကင်မရာများမှ ဗီဒီယိုဖိုင်တွင် အမျိုးသားတစ်ဦးသည် စားပွဲ တစ်ခု၌ ထိုင်နေသော အမျိုးသမီးငယ်များထံ ချဉ်းကပ်ပြီးနောက် အမျိုးသမီးတစ်ဦး၏ ကျောပေါ်သို့ လက်ကို တင်ခဲ့သည်။ သူမက ကန့်ကွက်သည့်အခါ ပါးရိုက်ပြီး ဆံပင်စောင့်ဆွဲကာ ဒရွတ်တိုက်ဆွဲသွားခဲ့သည်။

ထို့နောက် အခြားအမျိုးသားများကလည်း သူမ၏အဖော် အမျိုးသမီးကို ရိုက်နှက်ခဲ့ကြပြီး အမျိုးသမီး ၂ ဦးကို လမ်းဘေးတွင် ပြစ်ထားခဲ့သည်။

အဆိုပါ ဗီဒီယို ပျံ့နှံ့သွားပြီးနောက် သံသယရှိသူများကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့ထံ ချက်ချင်း သတင်းပို့ခဲ့သော်လည်း ဖမ်းမိရန် ၁၅ နာရီ အချိန်ယူခဲ့ရကြောင်း The Geneva Daily သတင်းတွင် ဖော်ပြထားသည်။

ယင်းဖြစ်ရပ်သည် လူမှုကွန်ရက်တွင် ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီး ရဲတပ်ဖွဲ့က အမျိုးသမီးများကို ကာကွယ်ရန် လုံလောက်သည့် ဆောင်ရွက်ချက်များ မပြုလုပ်ခဲ့ကြောင်း အင်တာနက်အသုံးပြုသူများက စွပ်စွဲခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly