ရှင်ကျန်းသွင်းကုန်များကို အမေရိကန် တားမြစ်ချက်ကြောင့် တရုတ်၏ ကုန်ပစ္စည်းထုတ်လုပ်ရေးကွင်းဆက်တွင် အခက်အခဲဖြစ်လာ

ရှင်ကျန်းသွင်းကုန်များကို အမေရိကန် တားမြစ်ချက်ကြောင့် တရုတ်၏ ကုန်ပစ္စည်းထုတ်လုပ်ရေးကွင်းဆက်တွင် အခက်အခဲဖြစ်လာ

တရုတ်က ဝီဂါများကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသည်ဟု အမေရိကန်က ပြောကြားနေသည့် ရှင်ကျန်း ပြည်နယ်မှ ကုန်ပစ္စည်းများ တင်သွင်းမှု တားမြစ်ပိတ်ပင်မှုကို စတင်လုပ်ဆောင်နေစဉ်တွင် အမေရိကန်က ယင်း၏ မဟာမိတ်များကို အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုအားဆန့်ကျင်ရန် လှုံ့ဆော် စည်းရုံးလိုက်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည့် ဝီဂါများအားအတင်းအဓမ္မခိုင်းစေမှု တားဆီးရေးအက်ဥပဒေကို ဇွန် ၂၁ ရက်တွင် အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CPB) ဌာနမှ စတင်ကျင့်သုံးခဲ့သည်။

ဝီဂါနှင့် အခြားမွတ်စလင်အုပ်စုများအတွက် ထိန်းသိမ်းရေးစခန်းများ ထူထောင်ထားသည့် ရှင်ကျန်းတွင် တရုတ်အာဏာပိုင်များက အတင်းအဓမ္မခိုင်းစေကာ ထုတ်လုပ်ထားသည့် ကုန်စည် အားလုံးကို သက်သေ ခိုင်လုံစွာ မပြနိုင်ပါက စည်းမျဉ်းသစ်အရ တင်သွင်းခွင့်ကို တားမြစ်ပိတ်ပင်ထားသည်။

''မိမိတို့သည် မဟာမိတ်များနှင့် လုပ်ဖော်ကိုင်ဖက်များအား ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်များမှ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်းမှ ကင်းစင်စေရန် ၊ ရှင်ကျန်းတွင် ရက်စက်မှုများကို ထုတ်ဖော် ပြောဆိုရန် နှင့် ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ရန် PRC အစိုးရကို တောင်းဆိုရာတွင် မိမိတို့နှင့် ပူးပေါင်းရန် တောင်းဆိုလိုက်သည် “ ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က တရုတ်၏ တရားဝင်အမည်ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ(PRC)ကို ရည်ညွှန်းပြီး ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

'မိမိတို့၏ အပြန်အလှန်ပူးပေါင်းဆောင်ရွက်သည့် အေဂျင်စီလုပ်ဖော်ကိုင်ဖက်များနှင့်အတူ၊ ကုမ္ပဏီများအား အမေရိကန်က ထားရှိရမည့် ဝတ္တရားများအကြောင်း သတိပေးရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်' ဟု ၎င်းက ပြောကြားခဲ့သည်။

ရှင်ကျန်းတွင် စက်မှုလုပ်ငန်း၊ သတ္ထုတူးဖော်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများ ထွန်းကားလာနေသည်။

ငရုတ် ကောင်း၊ သစ်ကြားသီးမှအစ လျှပ်စစ်ပစ္စည်းကိရိယာများနှင့် ဆိုလာပြားများပြုလုပ်သည့် အဓိကပစ္စည်းဖြစ်သည့် ပိုလီ ဆီလီကွန်အထိ ပစ္စည်းများကို ရှင်ကျန်းမှ အမေရိကန်သို့ တင်ပို့နေသည်။ 

ရှင်ကျန်းသည် ကမ္ဘာ့ဝါဂွမ်း၏ ၂၀ ရာခိုင်နှုန်းနှင့် တရုတ်ပြည်တွင်းထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်း ထွက်ရှိသည်။

ဝေဖန်သူများက ထိန်းသိမ်းရေးစခန်းများအဖြစ် ဖော်ပြသည့်စခန်းများတွင် ဝီဂါများအား စနစ်တကျ အဓမ္မလုပ် အားပေး ခိုင်းစေမှုအား အသေးစိတ်ဖော်ပြသည့် အစီရင်ခံစာများကို ပညာရှင်များနှင့် မီဒီယာအဖွဲ့အစည်းများက ရေးသားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required