တရုတ်က မြန်မာနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ကတိပြု

တရုတ်က မြန်မာနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ကတိပြု

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်သည့်ခရီးစဉ်တွင် မြန်မာ နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကတိပြုလိုက်သည်။

ဝမ်ယိသည် ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်အဆင့်အမြင့်ဆုံး အရာရှိ ဖြစ်ကြောင်း Al-Jazeera သတင်းတွင် ဖော်ပြထားသည်။

ဝမ်ယိသည် မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသို့ ဒေသတွင်း တရားဝင်ခရီးစဉ်အဖြစ် ဇူလိုင် ၃ရက်က စတင်ခဲ့ပြီး ဇူလိုင် ၁၄ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။

'တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး ဆွတ်ဟွန်နှင့် ဇူလိုင် ၃ ရက်တွင်တွင် တွေ့ဆုံခဲ့ပါသည်။ နှစ်ဦးစလုံးက ခါးပတ်လမ်းရပ်ဝန်း စီမံကိန်း တည်ဆောက်ရေးနှင့် အခြားနယ်ပယ်များတွင် ဆက်ဆံရေးနှင့်
ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြှင့် ရန် ကတိပြုခဲ့ကြပါသည်' ဟု အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး တိန့်ရှီကျန်က ဇူလိုင် ၃ရက်က တွစ်တာတွင် ရေးသားခဲ့သည်။

စစ်မှန်သောလုံခြုံရေးကို ဖော်ဆောင်ရန် တရုတ်က နိုင်ငံအားလုံးနှင့် လက်တွဲရန် အသင့်ရှိကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပြုပြောကြားခဲ့ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်းရှန်ကာနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့တို့ တက်ရောက်မည့် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် ဂျီ-၂၀အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးသို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး တက်ရောက်မည်ဖြစ်ကြောင်း သတင်းက ဆိုသည်။

တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) သည် ဂျာမနီ၌ ကျင်းပသည့် ဂျီ-၇ ထိပ်သီးအစည်းအဝေးတွင် တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှု စိန်ခေါ်ခံရချိန်တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းခရီးစဉ်သည် အဆိုပါနိုင်ငံများနှင့် တရုတ်ဆက်ဆံရေးကို ပြန်လည်ခိုင်မာအောင်ပြုရန် ရည်ရွယ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly