အထင်ကရ ခေါင်းဆောင် မော်စီတုံးအား ရည်ညွန်းသည့် အသုံးနှုန်းဖြင့် သမ္မတရှီကို ခေါ်ဝေါ်သုံးစွဲ ဝါဒဖြန့်

အထင်ကရ ခေါင်းဆောင် မော်စီတုံးအား ရည်ညွန်းသည့် အသုံးနှုန်းဖြင့် သမ္မတရှီကို ခေါ်ဝေါ်သုံးစွဲ ဝါဒဖြန့်

တရုတ်ကွန်မြူနစ်ပါတီတည်ထောင်သည့် နှစ် ၁၀ဝ ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံပိုင်မီဒီယာက ပါတီသမိုင်း ကြောင်းနှင့် ယင်း၏ အောင်မြင်မှုများကို ဂုဏ်ပြုသည့် ဆောင်းပါးတစ်ပုဒ်ကို ထုတ်ဝေခဲ့သော်လည်း မော်စီတုံးမှ လွဲ၍ သမ္မတရှီ၏ ရှေ့မှ ခေါင်းဆောင်များကို ဖော်ပြခြင်း မရှိခဲ့ပေ။

ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီ (CCP) အဘိဓာန်တွင် ကြီးကျယ်ထင်ရှားသော “ခေါင်းဆောင်” ဆိုသည့် ဝေါဟာ ရစကားဖြစ်သည့် ‘လင်ရှီး’ ဟူသော ဂုဏ်ပုဒ်ကို နိုင်ငံပိုင်မီဒီယာများက သမ္မတရှီကို ခေါ်ဝေါ်သုံးစွဲခဲ့သည်။

ယင်းအသုံးအနှုန်းကို ယခင်က ဥက္ကဋ္ဌ မော်စီတုံးကိုသာ ခေါ်ဝေါ်ခဲ့ခြင်းကြောင့် ရှီ၏ အရေးပါမှုကို မြင်တွေ့ ရသည်။

၂၀၂၂ခုနှစ် စတုတ္ထ ၃လပတ်တွင် ကျင်းပမည့် ၂၀ ကြိမ်မြောက်ပါတီ ကွန်ဂရက် မတိုင်မီ ရှီ၏ ဂုဏ်ပုဒ်ကို မြှင့်တင်ပေးရန် နိုင်ငံ၏ ယန္တရားကြီးတစ်ခုလုံးက အာရုံစိုက်နေသည်။

ရှီကျင့်ဖျင်သည် CCP ၏ အမြင့်ဆုံးရာထူးဖြစ်သည့် အထွေထွေအတွင်းရေးမှူးချုပ်ရားထူကို ယခင်က မဖြစ်ခဲ့ဖူးသည့် တတိယ သက်တမ်းအတွက် မျှော်မှန်းနေသည်။

CCP ၏ ပိုမို ကျယ်ပြန့်သော အောင်မြင်မှုများအကြောင်းလည်း နိုင်ငံပိုင်မီဒီယာက ဆွေးနွေးရာတွင် ရှီကို ၉ ကြိမ် ဖော်ပြခဲ့ပြီး မော်ကို ၁ ကြိမ်သာဖော်ပြကာ တိန့်ရှောင်၊ ကျန်ဇီမင်း၊ သို့မဟုတ် ဟူကျင်တောင် တို့အကြောင်းကို လုံးဝဖော်ပြခြင်းမရှိကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

သမိုင်းဝင်တတိယမြောက်သက်တမ်းကို ရယူပြီးနောက် ရှီသည် ၎င်း၏ အနီးကပ်လူများကို ပြောင်းလဲရန် ကြိုးပမ်းနိုင်ကြောင်းလည်း သတင်းတွင် ပါရှိသည်။

CCP တွင် အလွန်အားကောင်းသော ဗဟိုကော်မတီတစ်ခု ရှိပြီး သမ္မတရှီကျင့်ဖျင်က ပုံမှန်အပြောင်းအလဲ ပြုလုပ်သည့် အတွက် မည်သူမျှ စိတ်သက်သာခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly