အမေရိကန်သည် ပါကစ္စတန်အစိုးရအပြောင်းအလဲဖြစ်စေရန် အားပေးခဲ့ပြီး စစ်အခြေစိုက်စခန်းများ ထူထောင်လိုကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ပြော

အမေရိကန်သည် ပါကစ္စတန်အစိုးရအပြောင်းအလဲဖြစ်စေရန် အားပေးခဲ့ပြီး စစ်အခြေစိုက်စခန်းများ ထူထောင်လိုကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ပြော

အမေရိကန်သည် ပါကစ္စတန်နိုင်ငံ၌ အစိုးရအပြောင်းအလဲ ဖြစ်စေရန် အားပေးခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက ဇူလိုင် ၁ ရက်တွင် ပြောကြားလိုက်သည်။

ယင်းသို့ လုပ်ဆောင်ရခြင်းမှာ အမေရိကန်သည် ပါကစ္စတန်၌ စစ်အခြေစိုက်စခန်းများ ထားရှိရန် ဆန္ဒရှိခဲ့သလို ဒေသတွင်းနှင့် ဒေသအပြင်ဘက်မထိ ယင်း၏ နိုင်ငံခြားရေး မူဝါဒ ရည်မှန်းချက်များရရှိစေရန် ပါကစ္စတန်ကို ထပ်မံအသုံးချလိုခဲ့သည်ဟု ခန်းက ပြောသည်။

အမေရိကန်သည် ပါကစ္စတန်၌ အခြေစိုက်စခန်းများ ထားရှိရန် နောက်ထပ်တစ်ကြိမ် ဆန္ဒရှိခဲ့ပြီး ရုရှားကို ဆန့်ကျင်စေလျက် ပါကစ္စတန်ကို အသုံးချလိုခဲ့ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းက ပြောသည်။

အမေရိကန်နှင့် ရုရှားအကြား ပြဿနာ ဆက်ရှိနေခဲ့သော်လည်း ပါကစ္စတန်အနေဖြင့် ရုရှားထံမှ ဈေးနှုန်း သက်သာသော ရေနံနှင့် ဓာတ်ငွေ့ကို မတင်သွင်းနိုင်ကြောင်းနှင့် အိန္ဒိယအပေါ် သက်ရောက်ခြင်းမရှိသည့် အခြေအနေတစ်ခု ဖြစ်ကြောင်း ခန်းက ပြောသည်။

“ဩဇာအာဏာ ရှိသူတွေ၊ ကြားနေသမားတွေ ဖြစ်တယ် ဆိုတဲ့လူတွေ၊ နောက်ပြီး ငါတို့ကတော့ နောက်ကို တစ်လှမ်းပြန်ဆုတ်ပြီး ကြားနေဖြစ်လာတယ်လို့ ခုချိန်မှာ ပြောတဲ့လူတွေကို ပြောချင်တာက ဒါက သူတို့ရဲ့ ပါကစ္စတန်နိုင်ငံ မဟုတ်လို့လား” ဟု ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် ပါတီ ဥက္ကဋ္ဌ အီမရန် ခန်းက ပြောသည်။

“စီးပွားရေး ကျဆင်းရင် သူတို့ မထိခိုက်တော့ဘူးလား” ဟု ၎င်းက ပြောသည်။

ပါကစ္စတန်အပေါ် အခွင့်အရေးယူထားခဲ့သူများ (လက်ရှိ အစိုးရ) သည် ပါကစ္စတန်၌ အကျိုးတရားများ ရှိနေသလားဟု PTI ဥက္ကဋ္ဌက မေးခွန်းထုတ်ခဲ့သည်။ ၎င်းတို့သည် ၎င်းတို့အပေါ် အကျင့်ပျက်ခြစားမှု စွဲချက်များ စွဲဆိုခံရသည့်အခါတိုင်း ပြည်ပသို့ ထွက်ပြေးပြီး ယင်းနောက် NRO (အမျိုးသား ပြန်လည်ပေါင်းထုတ်ရေး စည်းမျဉ်းဥပဒေ) နှင့် ညှိနှိုင်းသဘောတူညီချက်တစ်ရပ် ရယူပြီးနောက် နိုင်ငံသို့ ပြန်လာသည်ဟု အီမရန် ခန်းက ပြောသည်။

“ဒါက ပါကစ္စတန်ရဲ့ အကျိုးစီးပွားထဲမှာ ရှိနေသလား” ဟု အီမရန် ခန်းက မေးခွန်းထုတ်သည်။

“ကျွန်တော်တို့ရဲ့ အကျိုးတရားက ဒီ ‘သူခိုးတွေ’ နဲ့အတူ ရှိနေတယ်လို့ ကျွန်တော်တို့ ထင်မြင်ရရင်တော့ ကျွန်တော်တို့မှာ ဘာအနာဂတ်မှ ရှိမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

အစ္စလမ်မာဘတ် မူဝါဒ အင်စတီကျူ့ (IPI) က စီစဉ်ပြီး “အစိုးရ အပြောင်းအလဲနှင့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးအပေါ် သက်ရောက်မှု” ဆိုသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် နှီးနှောဖလှယ်ပွဲတစ်ခုတွင် ခန်းက ဆွေးနွေးပြောကြားခဲ့ပြီး အစိုးရအပြောင်းအလဲကြောင့် ပါကစ္စတန်အပေါ် အကြီးအကျယ် ထိခိုက်စေခဲ့သည်ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required