မကာအို၌ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသောကြောင့် ရောဂါစစ်ဆေးမှုများ အရှိန်မြှင့်

မကာအို၌ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသောကြောင့် ရောဂါစစ်ဆေးမှုများ အရှိန်မြှင့်

ကမ္ဘာ့အကြီးဆုံးလောင်းကစားမြို့တော် မကာအိုတွင် လူဦးရေ ၆၀၀ ၀၀၀ ကျော်ရှိပြီး အာဏာပိုင်များသည် ရောဂါကူးစက်မှုထိန်းချုပ်ရန် ဇူလိုင် ၄ ရက်က မြို့တော်တစ်လွှား၌ ကိုဗစ်-၁၉ စမ်းသပ်မှုများ စတင်လုပ်ဆောင်ခဲ့သည်။

တစ်မြို့လုံးအတွက် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုကို ယခုသီတင်းပတ်အတွင်း ၃ ကြိမ် ပြုလုပ်မည်ဖြစ်ကာ ပြည်သူများသည် အမြန်စစ်ဆေးသည့်ကိရိယာဖြင့် စစ်ဆေးကြရမည်ဖြစ်သည်။ ဇူလိုင် ၄ ရက်က ကူးစက်မှုအသစ် ၆၈ ဦးတွေ့ရှိခဲ့ပြီး ဇွန်လလယ်နောက်ပိုင်း ကူးစက်သူပေါင်း ၈၅၂ ဦးအထိ ရှိလာခဲ့သည်။

လူပေါင်း ၁၂ ၀၀၀ ကိုလည်း အသွားအလာကန့်သတ်ထားသည်။

တရုတ်၏ အထူးအုပ်ချုပ်ခွင့်ရဒေသ မကာအိုသည် တရုတ်ပြည်မကြီးရှိ ရှန်ဟိုင်းကဲ့သို့ သော မြို့ကြီးများတွင် မြင်တွေ့ခဲ့ရသော အလုံးစုံပိတ်ဆို့မှုမျိုးကို မလုပ်ဆောင်သော်လည်း မြို့တော်ကို အတော်အတန် ပိတ်ဆို့ ထားပြီးဖြစ်သည်။

အရေးမကြီးသော အစိုးရဝန်ဆောင်မှုများကို ပိတ်ထားသလို ကျောင်းများ၊ ပန်းခြံများ၊ အားကစားကွင်းများနှင့် ဖျော်ဖြေရေးအဆောက်အအုံများကိုလည်း ပိတ်ထားကာ စားသောက်ဆိုင်များ၌လည်း ပါဆယ်ယူရန် သာခွင့်ပြုသည်။

သို့သော် မကာအိုတွင် အစိုးရဝင်ငွေ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ရှာပေးနိုင်သည့် လောင်းကစားလောက၌ အလုပ်အကိုင်ခိုင်မာမှုရှိစေရန် လောင်းကစားရုံများကို ဖွင့်ခွင့်ပြုထားပြီး မြို့ခံအများစုကို အလုပ်ခန့်ထားသည်။

သို့သော် ကစားသမားများရှားပါးပြီး ဝန်ထမ်းအနည်းငယ်သာရှိကာ အများစုမှာ အစိုးရညွှန်ကြားချက်အတိုင်း အိမ်၌သာနေကြရသည်။

မကာအိုတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာက ရောဂါကူးစက်မှု အပြင်းအထန်ဖြစ်ပွားပြီးနောက် ကိုဗစ်ကင်းစင်သွားခဲ့ပြီး ယခုအခါ တင်းကျပ်သော အစီအမံများ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly